မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေ
     Home
     အင်တာနက်
     ဆောင်းပါး
     => ခေတ်လူငယ်နှင့်အင်တာနက်
     => ချစ်ရတာ...မလွယ်ပါလား
     => အချစ်ဆိုတာ..
     => Online Love!
     => တစ်ပွင့်နှင်းဆီ
     => ဘယ်ချိန်ဖုန်းဆက်မလဲ
     => ပညာသည်
     => Pay it Forward
     => မှတ်သားထားရန်
     => ကျောက်ခဲ
     => ဆူးနဲ့သစ်ပင်
     => ငွေရောင်ငှက်နဲ့ရွှေရောင်ငှက်
     => valentine day
     => ယောက်ျားနှင့် မိန်းမ
     => စိတ်အာဟာရ
     => ဘ၀မြေသြဇာ
     => စိတ်ညစ်ပျောက်ဖို့
     => ချစ်ခြင်းနှင့် ရူးသွပ်ခြင်း
     => အချစ်စစ်ရဲ့ရုပ်ပုံလွှာ
     => ဆက်သွယ်ရန်
     => ကော်ဖီတစ်ခွက်
     => Question & Answer
     => ချစ်နိုင်ပါစေ
     => ကောင်လေးနဲ့ ကောင်မလေး
     => လူငယ်၊ နှင့် အင်တာနက်ရာဇ၀တ်မှုများ
     နည်းပညာများ
     ကဗျာများ
     ဟာသများ
     ဒဿနစာစုများ
     ဓမ္မဒါန
     မြန်မာWebSiteများ
     အမှတ်တရ
     ဘလော့ Roll
     မဂ္ဂဇင်းလေးတွေ
     ကျောက်ကွင်းဝါဒပြိုင်ပွဲ
     မိုက်ကယ်ဂျက်ဆင်
     ကျန်းမာရေး
     သတင်းများ



မိုးကောင်းကင် - ဆူးနဲ့သစ်ပင်



ဆူးနဲ့သစ်ပင်

သူတို့ဟာ ဆူးတွေကြားမှာပဲ ခြေကုပ်ရှာခဲ့ကြရတယ်။ သူတို့ဆာတဲ့အခါ
ကိုယ့်ကိုယ်တိုင်ရဲ့ အသက်ရှင်ရပ်တည်နိုင်ရေး အတွက်
အရသာသိပ်မရှိလှသည့်တိုင်အောင် အဆိပ်အတောက်ကင်းတဲ့ အဲဒီသစ်ပင်က
အရွက်သေးလေးတွေကိုပဲ ကြိတ်မှိတ်မျိုချ အားဖြည့်အသက်ရှင်ခဲ့ကြတယ်။

ဟိုးရှေးရှေးတုန်းက သားရဲတိရစ္ဆာန်တွေပေါတဲ့ တောအုပ်ကြီးတခုထဲမှာ
သစ်ပင်တစ်ပင်ရှိနေသတဲ့။ အဲဒီသစ်ပင်ဟာ
အရိပ်ကောင်းတဲ့အပင်လည်းမဟုတ်…မကြိုက်တတ်သူတွေအတွက် စားလို့လည်းအရသာသိပ်မရှိ…
အလှအပကို မြတ်နိုးတွယ်တာတတ်သူတွေအတွက်လည်း
အရုပ်ဆိုးအကျည့်တန်…တော်ဝင်ပန်းတွေလည်းမပွင့်နိုင်တဲ့ ရိုးတံ
ပြိုင်းပြိုင်း..အရွက်ပါးသေးသေးလေးတွေသာပိုင်ဆိုင်ပြီး
ဆူးတွေတင်းကြမ်းထပ်အောင်ရှိနေတဲ့ ကန္တာရဆန်တဲ့ သစ်တပင်ဖြစ်နေပါသတဲ့။

သူ့ရဲ့ သူများနဲ့မတူ ထူးခြားတဲ့ဂုဏ်အင်္ဂါတစ်ရပ်က ရာသီမရွေး…ရေမရွေးမှာ
သူ့ရှိသမျှရိုးတံကျဲကျဲ လေးကြားက သစ်ရွက်ပေါက်စလေးတွေကို
အမြဲစိမ်းစိုလန်းဆတ်နေအောင် ထိန်းသိမ်းစောင့်ပေးထား နိုင်တာပါပဲ။ ဘယ်လောက်
ထန်တဲ့မုန်တိုင်းကိုပဲဖြစ်ဖြစ် မယိုင်မလဲ ကြံ့ကြံ့ခံ ရပ်တည်ပေးနိုင်စွမ်းတာပါ
ပဲ။ ဒါပေမယ့် ပဲ့ပြားပင်လို လေယူရာတိမ်း ယိမ်းနေတာလည်းမဟုတ်ပါဘူးတဲ့…။
သူ့ရဲ့ရပ်တည်နိုင်မှု စွမ်းပကားဟာ ခိုင်လည်းခိုင်မာ..သန်လည်းသန်စွမ်း ကြံ့
လည်းကြံ့ခိုင်တဲ့ သူ့အမြစ်ပျဉ်းတွေက ဟိုး ကမ္ဘာ့အတွင်းပိုင်းက
မြေဆီမြေနှစ်တွေကိုစုပ်ယူ… ကျောက်ဆောင်ကမ်းပါး တွေကို တွယ်ကပ်ထား
နိုင်စွမ်းပါပဲတဲ့။

အဲဒီအရိပ်မကောင်းလှတဲ့သစ်ပင်မှာ ငှက်တေလေတွေ လာလာနားတတ်ကြသတဲ့။
အရိပ်မကောင်းမှန်းသိသိကြီးနဲ့ ဘာလို့နားသလဲဆိုရင် အရိပ်ကောင်းတဲ့အပင်မှန်သမျှ
နားစရာကိုင်းလွတ်မရှိတော့လောက်အောင် ရွှေ့ပြောင်း ငှက်
ငယ်တွေ…ငှက်ကြီးတွေ…အသားစားကျူးတဲ့..ဇာတ်တူသားစားတဲ့ငှက်တွေက
အခိုင်အမာနေရာယူထားပြီးဖြစ်နေလို့ပါပဲတဲ့….။

ဘယ်လိုပဲ သူတို့က အဲဒီအရိပ်ကောင်းကို မှီခိုချင်ပေမယ့်လို့
နေရာကမရှိ…နေရာရှာဖို့ပျံဝဲနေစဉ်မှာ ကုန်ခန်းဆုတ်ယုတ် လာတဲ့အားအင်တွေကြောင့်
သားစားငှက်တွေရဲ့ အလွယ်တကူဖမ်းယူစားသောက်ခံရမဲ့ရန်ကို ကြောက်ရတာက တကြောင်း…
အားအင်ချိနည့်နေမှုအတွက် အနားယူဖို့နဲ့
အာဟာရဖြည့်တင်းဖို့လိုအပ်နေတာတကြောင်းကြောင့်… အကောင်းဆုံးမဟုတ်ပေမယ့်
နေလို့ဖြစ်တဲ့အဲဒီ ဆူးနဲ့သစ်ပင်လေးပေါ်မှာ လာရောက်နားခိုခဲ့ကြသတဲ့….

သူတို့ဟာ ဆူးတွေကြားမှာပဲ ခြေကုပ်ရှာခဲ့ကြရတယ်။ သူတို့ဆာတဲ့အခါ
ကိုယ့်ကိုယ်တိုင်ရဲ့ အသက်ရှင်ရပ်တည်နိုင်ရေး အတွက်
အရသာသိပ်မရှိလှသည့်တိုင်အောင် အဆိပ်အတောက်ကင်းတဲ့ အဲဒီသစ်ပင်က
အရွက်သေးလေးတွေကိုပဲ ကြိတ်မှိတ်မျိုချ အားဖြည့်အသက်ရှင်ခဲ့ကြတယ်။

အဲဒီလိုစားနေရင်း တချို့က သူတို့ခြေထောက်ကို ထိမိတဲ့ဆူးချက်တွေကြောင့်
သစ်ပင်ကိုကျိန်ဆဲကြလေရဲ့…
တချို့ကတော့ အလွန်သတိထားပြီး ဖွဖွလေး ခြေကုပ်ရှာတော့ သူတို့ကို ဆူးညိသက်သာသလို
သစ်ပင်ကြီးခမျာလည်း ခနခန ခြေကုပ်ခံနေရတဲ့ ဒဏ်ရာတွေကို လျော့နည်းစေလို့
တပြန်တလှည့်ကျေးဇူးတွေတင်နေပါသတဲ့။

တချို့ကတော့ မိုးရွာတဲ့အခါ ခိုလှုံစရာ အရွက်ဖားဖားတွေ ရှိမနေရကောင်းလား…ရယ်လို့
ညည်းညူရေရွတ်နေကြပြီး တချို့ကတော့ လေကွယ်ရာအရပ်ကိုရှာဖွေပြီး ငြိမ်ကုပ်လို့
ရာသီဒဏ်ကို သစ်ပင်ကြီးနဲ့အတူ သည်းခံနေခဲ့ကြတယ်။

ရာသီကောင်းလို့ မိုးကောင်းကင်ကြီးမှာ တိမ်ကင်းစင်သွားတဲ့အခါ ငှက်ကလေးတွေဟာ
ရေကြည်ရာ..မြက်နုရာရှာဖွေရင်း အရပ်ရှစ်မျက်နှာကို အသီးသီးထွက်ခွာသွားခဲ့ကြတယ်။
အဟောင်းတွေထွက်သွားပေမယ့်လည်း အသစ်တွေက ရောက်ရောက်လာမြဲမို့…
သစ်ပင်ကြီးခမျာမှာတော့ ခြေသည်းကုပ်ရာဗရပွကို ခံယူနေရဆဲ…သစ်ရွက်တွေကိုလည်း
ဆိတ်ဖွအစားခံနေရဆဲ…သစ်ပင်အောက်မှာလည်း မစင်ပုံကိုမြင်နေရဆဲ…မစင်နံ့ကို
ရှူရှိုက်နေရဆဲ…..

တချို့ကတော့ ပြောသွားခဲ့တယ်။ ငါတို့စွန့်ပစ်ထားရစ်ခဲ့တဲ့ မစင်တွေက
အဆီအနှစ်တွေကို စုပ်ယူနိုင်လို့သာ ဒီသစ်ပင်ကြီး
ဒီလောက်ခံနိုင်ရည်အားတွေကောင်းနေတာပေါ့…တဲ့။

သစ်ပင်ကြီးကို သူ့ရဲ့ မိတ်ဆွေက တနေ့တော့မေးလာပါတယ်။
မင်း…တော်တော်ခံနိုင်ရည်အားကောင်းတဲ့ကောင်စားပဲ။ ဘယ်လိုစွမ်းအားတွေနဲ့များ မင်း
ဒီလိုမျိုး ခံနိုင်ရည်ရှိနေရတာလဲ…တဲ့။

ဒီတော့ သစ်ပင်ကြီးက ဖြေပါတယ်။

ဘယ်လိုလုပ်ရမလဲ။ မောင်းထုတ်လိုက်လို့ သူတို့မှာ နေစရာအသစ် တခုမတွေ့ခဲ့ကြရင်
သူတို့အားလုံး သေကုန်တော့မှာပေါ့။ ကမ္ဘာကြီးလှပဖို့ ငှက်ပေါင်းစုံလိုအပ်ပါတယ်။
ငါ့ကို ခုန်ကန်ပြီးမှ ကန်ထွက်သွားသွား…ငြင်ငြင်သာသာပဲ
ပျံတက်သွားသွား…သူတို့အသက်ဆက်ရှင်ဖို့ ငါဟာ တခုခုလုပ်ပေးလိုက်ရတယ်ဆိုရင် ငါ
ကျေနပ်နိုင်ပါတယ်။ ငါမသေမချင်းပေါ့….တဲ့။

မိုးကြိုး ရာပြည့်အထိမ်းအမှတ်

http://newmyaaeinkhin.blogspot.com/   မှကူးယူမျှဝေပါသည်။
Today, there have been 6 visitors (12 hits) on this page!


www.zawtk.mmgenius.com

မြန်မာစံတော်ချိန်

ဒီမှာပြောလို့ရတယ်
ဘာနေ့လဲ ဆိုတာ ကြည့်မယ်
ရောင်စုံငါးလေးတွေ အစာကျွေးမယ်

အဖြူရောင်သံစဉ်ရေဒီယို
အဖြူရောင်သံစဉ်
=> Do you also want a homepage for free? Then click here! <=
ကျွန်တော့ဆိုဒ်လေးသို့ရောက်လာကြသော သူငယ်ချင်းများ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်.. နောက်လည်းလာလည်ကြပါအုံးနော်...