မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေ
မိုးကောင်းကင် - မိုက်ကယ်ဂျက်ဆင်



မိုက်ကယ်ဂျက်ဆင် (သို့မဟုတ်) ယဉ်ကျေးမှုအသစ်ကိုဖန်တီသူ
အပိုင်း (၁)

ယနေ့ခေတ်ကဲ့သို့ သတင်းဆက်သွယ်ရေး နည်းပညာများ သိပ်မထွန်းကားသေးခင် ကာလကပင် မိုက်ကယ်ဂျက်ဆင်၏  နာမည်သည် တရုတ်ပြည် ကုန်တွင်းပိုင်းမှ လူသူအရောက်အပေါက် နည်းသော ကျေးရွာငယ်လေးမှအစ ရီယို ဒီဂျနီ ရိုး ရှိ ကြံစိုက် တောင်သူများအဆုံး သူ၏ နာမည်ကို ရင်းနှီးခဲ့ကြသည်။

မိုက်ကယ်ဂျက်ဆင်”ပြန်လာရင် မိုက်ကယ်ဂျက်ဆင်ရဲ့ ဓာတ်ပြားတချပ်လောက် ဝယ်ခဲ့စမ်းပါ။ သူ ကတာတွေက ကောင်းတယ်ဟဲ့” ဟု ပြောသူမှာ ၁၉၈၄ ခုနှစ်ခန့်က အင်ဒိုးနီးရှားနိုင်ငံ ဆူလာဝေဆီမှ အသက် ၅၀ နှစ်ကျော် အရွယ် အမျိုးသမီးကြီးတဦး ဖြစ်သည်။ သူမ နေထိုင်ရာ ဆူလာဝေဆီ ရွာလေးတခုမှနေ၍ ဂျကာတာ ရွှေမြို့တော်သို့ သွားမည့် လူကြုံအား မိုက်ကယ်ဂျက်ဆင်၏  တေးအယ်(လ်)ဘမ်ကို မှာကြားနေခြင်း ဖြစ်သည်။
 
သမ္မတ ရော်နယ်ရီဂင် လက်ထက်တွင် မိုက်ကယ်ဂျက်ဆင်ကို သူ၏ ကလေးသူငယ်များ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုကြောင့် အိမ်ဖြူတော်၌ ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား၌ ရော်နယ်ရေဂင်က “သူက သြဇာကြီးသူတွေထက် ပိုပြီး သြဇာကြီးသူ'' ဟု ဂုဏ်ပြုစကားဆိုခဲ့သည်။
 
ဇွန်လ ၂၅ ရက်နေ့က အသက် ၅ဝ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည့် မိုက်ကယ်ဂျက်ဆင်၏ ဘဝသည် ရိုလာ ကိုစတာလို ဘဝမျိုး ဖြစ်သည်။ အတက် အဆင်း၊ အနိမ့်အမြင့် အကွေ့အကောက်၊ အနှေးအမြန်တို့ဖြင့် ရင်ဖိုလှိုက်မောဖွယ်ရာ အတိ ဖြစ်သည်။

၁၉၅၈ သြဂုတ်လ ၂၉ ရက်နေ့တွင် သံမဏိစက်ရုံများ ပေါများ၍ ထိုစဉ်က ရာဇဝတ်မှုခင်းများ နေ့စဉ်လိုလို ရှိတတ်သော အင်ဒီယားနားပြည်နယ်၏ လူသိနည်းလှသော ဂါရီမြို့ငယ်လေးမှာ နောင်တွင် ကမ္ဘာကျော်များထက် ပို၍ ကမ္ဘာကျော်မည့် သူတဦးကို လက်ဆောင်ရလိုက်မည်ဟု ဘယ်မြို့သူမြို့သားကမှ ထင်မှတ်မထားမိချေ။  
 
ဂါရီမြို့သည် ဂျက်(စ်)ဘုရင် လူဝီအမ်းစထရောင်း မွေးဖွားရာ လူဝီစီယားနားပြည်နယ် နယူးအော်လန်း မြို့ကဲ့သို ဂီတသမားများ ကျက်စားရာ အနုပညာ ရေခံမြေခံကောင်းများရှိသော မြို့တမြို့ မဟုတ်ချေ။ အခြေခံ လူတန်းစားများနှင့် သံမဏိစက်ရုံ အလုပ်သမားများသည်သာ ထိုမြို့၏ သင်္ကေတ တခုဖြစ်သည်။ အာဖရို-အမေရိကန် အများစု အခြေချရာ ဂါရီမြို့မှာ ချီကာဂိုမြို့နှင့် ၂၅ မိုင်ခန့်အကွာမှ စက်မှုဇုန်မြို့တခုသာ ဖြစ်သည်။
 
မိုက်ကယ် အသက် ၆ နှစ် အရွယ်ကတည်းကပင် သူ၏ ညီအကို မောင်နှမများ တည်ထောင်ထားသည့် Jackson 5 အဖွဲ့တွင် ပါဝင်ခဲ့သည်။ ငယ်စဉ်ကတည်းကပင် ဂီတနှင့် ကခုန်ခြင်းကို ဝါသနာပါသည့်အတွက် စာသင်ခန်းရှိ အတန်းဖော်များနှင့် နေ့စဉ်လိုလို ချိန်းဆို၍ ကခဲ့ကြသည်။ ခရစ်ယာန် ဓမ္မပူဇာ တေးဖျော်ဖြေပွဲများမှာ သူ၏ ဝါသနာအတွက် အကောင်းဆုံး အစွမ်းပြခွင့်ရှိသည့် နေရာတခု ဖြစ်လာခဲ့သည်။

ငယ်စဉ်ကတည်းက ပါရမီ ရှိခဲ့သည့် သူ၏ အနုပညာ ဓာတ်ခံမှာ နောင်တွင် လီယွန် နယ်ရစ်ချီနှင့်အတူ အာဖရိက ကလေးများအတွက် စပ်ဆိုရေးသားထားသည့် We are the world သီချင်းလိုမျိုး ကမ္ဘာတဝှမ်းမှ လူသားအားလုံး ခံစားနားလည် ပါဝင်သီဆိုနိုင်မည့် သီချင်းမျိုးကို ဖန်တီးနိုင်ခဲ့သည်။

ကွယ်လွန်သွားပြီဖြစ်သည့် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်က “သူက သွေးမတိတ်တဲ့ ကမ္ဘာကြီးကို တတ်နိုင်သမျှ နှစ်သိမ့်ပေးသူပဲ။ ဒါမျိုးက ကမ္ဘာကြီးကို ကယ်တင်မယ်ဆိုတဲ့ နိုင်ငံရေးသမားကြီးတွေတောင် မတတ်နိုင်ရှာဘူး'' ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။

မိုက်ကယ်ဂျက်ဆင်ပုပ်ရဟန်မင်းကြီး ပြောခဲ့သလိုပင် မိုက်ကယ်ဂျက်ဆင် ကိုယ်တိုင် ရေးသားစပ်ဆို အသံသွင်းယူမှုပြုထားသည့် Dangerous အယ်(လ်)ဘမ်ထဲမှ Heal the world သီချင်းမှာ အဖိနှိပ်ခံ၊ အစတေးခံ လူညွန့်တုံးခံ အဖြစ်ဆိုးမျိုးနှင့် ကြုံခဲ့ရသူများကို ကမ္ဘာကြီးမှ မေ့လျော့ မထားနိုင်လောက်အောင် ဆွဲဆောင်နိုင်ခဲ့သည့် အမှတ်ရစရာ တေးတပုဒ် ဖြစ်လာခဲ့သည်။

၁၉၇၉ ခုနှစ် သူ၏ ပဉ္စမမြောက် တေးအယ်(လ်)ဘမ် ဖြစ်သည့် Off the world နှင့် ၁၉၈၂ ခုနှစ် ဆဌမမြောက် တေးအယ်(လ်) ဘမ် Thriller တို့ ထွက်ရှိပြီးချိန်၌မူ သူ၏ ကျော်ကြားမှုကား အမေရိကန် ကမ်းရိုးတန်းလောက်တင် မဟုတ်တော့ဘဲ တောတောင် ပင်လယ် သမုဒ္ဒရာ  ချောင်းမြောင်းနှင့် မိုးမျှော်တိုက်ကြီးများကို ဖြတ်သန်းကာ ကမ္ဘာကုန်ကျယ်သရွေ့ ဖြစ်ခဲ့သည်။

ထိုအယ်(လ်)ဘမ် နှစ်ချပ် ထွက်ရှိပြီးချိန်၌ သူ၏ သီဆို ဖျော်ဖြေမှု ပုံစံနှင့် အနုပညာ စတိုင်လ်မှာ နောင်တွင် ပေါ့(ပ်) ယဉ်ကျေးမှုဟု ခေါ်တွင်သော Pop Culture ကို ကမ္ဘာသို့ မိတ်ဆက်ပေးခြင်းပင် ဖြစ်သည်။ ထိုယဉ်ကျေးမှုသစ် ဂီတသစ်ကို ကမ္ဘာတဝှမ်းမှ (အထူးသဖြင့်) လူငယ်များက နွေးထွေးစွာ ကြိုဆို ပွေ့ဖက့်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က ဒီမိုကရေစီနှင့် လူ့အခွင့်အရေး နှုန်းစံ တန်ဖိုးများမှာ နိုင်ငံတိုင်းသို့ မရောက်သေးသော်လည်း သူ၏ ဂီတနှင့် သူ၏ တေးသီချင်းသံများက နိုင်ငံတိုင်းသို့ ရောက်ရှိခဲ့သည်။ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးနှင့် ဖိနှိပ်မှု ဆန့်ကျင်ရေး စသည့် နိုင်ငံရေးဆန်သည့် သူ၏ တေးသီချင်းများက နိုင်ငံတကာရှိ မျှော်လင့်ချက်မဲ့ ရှင်သန်နေထိုင်ရသူများအတွက် အင်အားသစ်တရပ် ဖြစ်စေခဲ့သည်။

အကနှင့် တွဲဖက် ဖျော်ဖြေသော သူ၏ ဆန်းသစ်သည့် တင်ဆက်မှုက ဂီတ လောက၏  ဖျော်ဖြေတင်ဆက်မှု ပုံစံကို တဆစ်ချိုး ပြောင်းလဲစေခဲ့သည်။ နာမည်ကျော် ဂီတဆရာကြီး စတီဗီ ဝမ်းဒါးက “မိုက်ကယ်က ဖျော်ဖြေရေးသမား (entertainer) သက်သက် မဟုတ်ဘူးဗျ။ သူက ပါရမီရှိတယ်၊ ဇွဲကြီးတဲ့ ဉာဏ်ကြီးရှင်၊ အသုံးတော်ခံ နိုင်သူ (Showman Ship) တယောက်ဗျ” ဟု မိုက်ကယ်ဂျက်ဆင်၏ ဂုဏ်ရည်ကို တင်စားပြောဆိုခဲ့သည်။

www.mizzimaburmese.com  ဘလော့ မှ ပြန်လည် ဖော်ပြခြင်းဖြစ်သည်...
Today, there have been 9 visitors (14 hits) on this page!


www.zawtk.mmgenius.com

မြန်မာစံတော်ချိန်

ဒီမှာပြောလို့ရတယ်
ဘာနေ့လဲ ဆိုတာ ကြည့်မယ်
ရောင်စုံငါးလေးတွေ အစာကျွေးမယ်

အဖြူရောင်သံစဉ်ရေဒီယို
အဖြူရောင်သံစဉ်
ကျွန်တော့ဆိုဒ်လေးသို့ရောက်လာကြသော သူငယ်ချင်းများ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်.. နောက်လည်းလာလည်ကြပါအုံးနော်... This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free