မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေ
     Home
     အင်တာနက်
     ဆောင်းပါး
     နည်းပညာများ
     ကဗျာများ
     ဟာသများ
     => နေ့ စဉ်သုံး မြန်မာ-အင်္ဂလိပ် ဘာသာစကား
     => ပြုံးရုံ ပဲ ပြုံးပါ
     => ဆုံးအောင်ဖတ်ပါ။
     => ပြံးပျော်နိုင်ပါစေ.......
     => မိန်းမတွေရဲ့စိတ်
     => ရှိခြင်း မရှိခြင်း ၁၁ ချက်
     => သူတို့လိုဝတ်ပါလား
     => စုစုစီးစီး
     => ကြိုက်တာဝယ်စား
     => A to Z Love
     => သင်္ကြန်စာတွေ
     => သို့ အချစ်လေး
     => ဂျီးတော်နဲ့
     => ချစ်သောဇနီး
     => ဘာကြောင့်ညာသလဲ..
     => အခြေအနေဘယ်လိုရှိလဲ
     ဒဿနစာစုများ
     ဓမ္မဒါန
     မြန်မာWebSiteများ
     အမှတ်တရ
     ဘလော့ Roll
     မဂ္ဂဇင်းလေးတွေ
     ကျောက်ကွင်းဝါဒပြိုင်ပွဲ
     မိုက်ကယ်ဂျက်ဆင်
     ကျန်းမာရေး
     သတင်းများ



မိုးကောင်းကင် - သို့ အချစ်လေး





သို့
အချစ်လေးရေ

ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော်
အချစ်လေး

မင်းရဲ့
ကိုကို

~ ~ ~ ~ ~ ~

နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်

သို့
ယောက်ကျားရေ

ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူး တင်ပါတယ်
ဒီလ အသုံးစရိတ် ကို ပြောပြမယ်နော်။

၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့ အတွက် အနမ်း (၂) ပွင့်
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်
၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃
ပွင့် လာယူတယ်
၎။ super market က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်။
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀

ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။ ဒီလ တော့
ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။

ကိုကို့ရဲ့
ချစ်လေး


သိပ်ကောင်းသောအရာ
ရထားပေါ်တွင်ဖြစ်သည်။
ကက်လစ်ဘုန်းကြီးနှင့် ဂျူးဘာသာရေးတရားဟောဆရာတို့ တစ်ခန်းထဲ ထိုင်လာကြသည်။
ကသလစ်ဘုန်းကြီးက ဂျူးဘာသာရေး
တရားဟောဆရာကို ပြောသည်။
"ကျနော့်မှာ ၀က်ပေါခြောက် ပါတယ်၊ စားပါဦးလား"
"ကျနော်တို့ ဘာသာရေးက ၀က်သားမစားရလို့ တားမြစ်ထားပါတယ်"
"အင်း၊ ၀မ်းနည်းစရာပဲ၊ သိပ်အရသာရှိတာဗျ"
ဘူတာသို့ ရောက်သောအခါ ဂျူးဘာသာရေးတရားဟောဆရာက မဆင်းခင်
ကက်သလစ်ဘုန်းကြီးကို ပြောသည်။
"ဖာသာရဲ့ ဇနီးကို ဦးညွတ်တယ်လို့ ပြောပေးပါ။"
"ကျနော့်မှာ ဇနီးမရှိဘူး၊ ကျနော်တို့ဘာသာရေးက ကျနော်တို့ကို မိန်းမ
မယူရဘူးလို့ တားမြစ်တယ်။"
"ဟုတ်လား ၊ ၀မ်းနည်းစရာပဲဗျာ၊ ကျေနပ်စရာ သိပ်ကောင်းတာဗျ။"
အိမ်ထောင်သက် (၁)လလောက်ရှိပြီဖြစ်သော သူမတို့ သူငယ်ချင်းကို
မိန်းကလေးများ ၀ိုင်းမေးကြသည်။
"ဟဲ့ နင့်ယောက်ျားအကြောင်း ပြောပြစမ်းပါ"
မိန်းကလေးကဖြေသည်။
"ငါ့ယောက်ျားက နေလို ယောက်ျားဟ"
သူငယ်ချင်းများက ၀ိုင်းပြောသည်။
"တယ်လဲ ကောင်းတဲ့ ဥပမာပါလား။ နင့်ယောက်ျားက နေမင်းကြီးလို ကြီးကျယ်
မြင့်မြတ်တယ်လို့ ပြောချင်တာပေါ့"
မိန်းကလေးက ရှင်းပြသည်။
"ဟုတ်ပါဘူးဟာ။ နေဆိုတာ မနက်ဖက်ပဲရှိပြီး ညဘက်ဆိုရင်
ပျောက်သွားတယ်မဟုတ်လား"
အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ
တတွတ်တွတ်ပြောနေသည်။ ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း
မရိပ်မိချေ။
"မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး
လှလွန်းလို့လား။ ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။
အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။ အဲ …
ဒါမှမဟုတ် …"
စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။
"မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့"
မိသားစု(၃)ယောက် ညစာတူတူ စားနေကြသည်။ သားငယ်က အဖေအား လှမ်းမေးသည်။ "ဖေဖေ
မေမေ့ကို ဘာလို့ လက်ထပ်ခဲ့တာလဲ ဟင်" ယောက်ျားလုပ်သူက မိန်းမအား
လှည့်ပြောသည် "တွေ့လား … ငါ့လုပ်ရပ်ကို ကလေးတောင် နားမလည်ဘူး"
သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း စကားပြောနေကြသည်။ တစ်ယောက်ကပြောသည်။
"တော်ပြီကွာ။ ငါခုတလော လျှော့သောက်နေတယ်" အံ့သြသွားသော အခြားသူငယ်ချင်းက
အကြောင်းရင်းကိုမေးရာ ပထမတစ်ယောက်က ပြန်ဖြေသည်။ "တလောကကွာ။ ငါအပြင်မှာ
သောက်တာ တော်တော်များသွားတယ်။ အဲဒါ အိမ်လဲပြန်ရောက်ရော တံခါးဖွင့်ပေးတဲ့
ငါ့မိန်းမက နှစ်ယောက်ဖြစ်နေတယ်လို့ ငါ့မျက်လုံးထဲမှာ မြင်လိုက်ရတယ်။
နောက်တစ်ခါ အဲဒီလောက် ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး
ထပ်မဖြစ်ချင်တော့ဘူးကွာ"
ဆရာဝန်တစ်ယောက် လက်ထပ်လိုက်သည်။ နှစ်ရက်အကြာတွင် သူငယ်ချင်း ဆရာဝန်တွေက
ဖုန်းလှမ်းဆက်သည်။ "ဟေ့ကောင် … ပိုကာဒေါင်းမယ်။ မြန်မြန်လာခဲ့။ ဒီမှာ
တစ်အိမ်လိုနေလို့" ဆရာဝန်က အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဆေးရုံမှ
ဖုန်းဆက်ကြောင်း ဇနီးသည်အားပြောသည်။ အလောတကြီး အ၀တ်အစားလဲနေသော
ယောက်ျားကိုကြည့်ရင်း ဇနီးဖြစ်သူကမေးသည်။ "ဟိုမှာ တော်တော်လေး
အရေးကြီးနေလို့လား မောင်" ဆရာဝန်က ခပ်တည်တည်ပြန်ဖြေသည်။ "အရေးကြီးတာပေါ့။
ဟိုမှာ ဆရာဝန်(၄)ယောက်တောင် ရောက်နေကြပြီ"
ဘာဖြစ်လို့လဲ သားရဲ့
သား - "မေမေ၊ ကနေ့သား ဖေဖေ နဲ့ ဘစ်စ်ကား စီးနေတုန်း ဖေဖေ က သား ထိုင်နေ
တဲ့နေရာကို ဖယ်ခိုင်းပြီး အန်တီကြီး တစ်ယောက်ကို ပေးထိုင်တယ်မေမေရဲ့"
အမေ - "အော် သားရယ်၊ ဒါ ကုသိုလ် ရတဲ့ အလုပ်ပဲလေ ဘာဖြစ်လို.လဲ သားရဲ့"
သား - "သား က ဖေဖေ့ ပေါင်ပေါ်မှာ ထိုင်နေတာနော်၊မေမေ"
မယား - ရှင် ကျွန်မဓါတ်ပုံ ကို နေ့တိုင်း
ရုံးတက်တဲ့အိတ်ထဲထည့်ထည့်ထားတယ်
။ ဘာလို့လဲ။
လင် - သြော် ဘယ်လောက် ကြီးမားတဲ့ အခက်ခဲ ကြုံရ ပါစေ
မင်းဓါတ်ပုံကိုကြည့်လိုက်တာနဲ့ အားလုံးကို ကျော်လွားနိုင်ခဲ့တယ်။
မယား - ကြည့်စမ်း၊ ကျွန်မ ဟာ ရှင့်အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲ
နော်။
လင် - မဟုတ်ပါဘူးကွာ ၊ မင်းဓါတ်ပုံကို ကြည့်ပြီး ငါ့ကိုယ်ငါ
ပြန်မေးကြည့်တယ်
"ဒီထက်ဆိုးတဲ. အခက်အခဲ ဘာရှိနိုင်ဦးမှာလဲလို့"




သူများတာဝန်ကို ဆက်ထမ်းနေရတယ်

   သင်္ချိုင်းရှိ အုတ်ဂူတစ်ခုရှေ့ တွင် ယောက်ျားတစ်ယောက် ငိုယိုနေသည်။

နှုတ်မှလည်းပြောသည်။

   " သူမသေသင့်ဘူး ၊ တကယ်တမ်း သူ မသေသင့်သေးဘူး၊

ငါအင်မတန် ကံဆိုးပါလား "

   " ဒီဂူမှာ ခင်ဗျားရဲ့ အဖေ ဒါမှမဟုတ် သားကို မြုပ်ထားတာလားဗျာ "

   " ဟင့် အင်း၊ ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျား"

ဝါရင့် ကားမောင်းသမား
ခရီးသည် အဘိုးကြီးတစ်ဦး တက္ကစီ စီးလာသည်။
ကားမောင်းသမား ကို စပ်စုပြီး သူကမေးသည်။
" စိတ်မရှိပါနဲ့ ငါ့ တူ ၊ သိချင်လို့ ပါ ၊ တကယ်လို့ ငါ့ တူ အရက် ၀မ်းပက်
သေက်ထားရင် ကားမောင်းနိုင်ပါ့ မလား "
" မောင်းနိုင်တာပေါ့ ဗျာ "
" တူးပက်သောက်ထားရင်ကော"
" ဒါလည်းမောင်းနိုင်မှာပဲ"
" အင်း၊ ငါ့ တူကို ကြည့်ရတာ ပထမတန်းစား ကားမောင်းသမားနဲ့ 
တူတယ်၊ ဒါနဲ့  ဖန်ခွက်တစ်ခွက်အပြည့် သောက်ထားရင်ကော "
တက္ကစီသမား စိတ်တိုလာသည်။
" အဓိပ္ပာယ်မရှိတဲ့  မေးခွန်းတွေကို ဘာလို့ မေးနေရတာလဲ အဘိုးကြီး၊
အခုမောင်းနေတာ မြင်တယ်မဟုတ်လား "
( P.S - အစ်ကိုတော်များ အတွက်ရည်ညွှန်းသည်)

သတင်းသုံးခု
ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
"ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊
နောက်တစ်ခုက ကောင်းတဲ့ သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော့ 
အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက စပြောမယ်၊
မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊
ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို
ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်….
အဲ …..အကောင်းဆုံး သတင်းကတော့  ဘေးခန်းက လူနာက ခင်းဗျားရဲ့ 
ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "

အမေတာဝန်ယူတယ် ….
"မေမေ သမီး ဒီလူ့ ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ ဝါဒီ၊
ငရဲ ရှိတယ်ဆိုတာ သူမယုံဘူး"
" လက်သာထပ်လိုက်ပါ သမီးရယ် ၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင်
လုပ်ဖို့ မေမေ့တာဝန် ထားလိုက်ပါကွယ် "

ဒါကို ပိုနှမြောတယ် …
ကမ်းပေါ် တတ်ခွင့်ရသဖြင့်  သင်္ဘောသားများ မြို့ ထဲလျှောက်လည်ကြသည်။
သတ်မှတ်ချိန်ရောက်သောအခါ သင်္ဘောသားများ အစီအရီ သင်္ဘောဆီ ပြန်လာကြသည်။
အရာရှိက တစ်ယောက်ချင်းစစ်သည်။ သင်္ဘောသားတစ်ယောက်သည် လက်နှစ်ဖက်တွင်
ဝီစကီတစ်ပုလင်းစီ ကိုင်၍ အရာရှိကို ကျော်တတ်၏ ။ အိပ်ထောင့် ထဲ ထည့်ရန်
လုံးဝပင်
စိတ်မကူးဘဲ ယခုကဲ့ သို့ ဗြောင်ကျလွန်းသည်ကို အရာရှိက လုံးဝသဘောမတွေ့ ပေ။
" ဟေ့  ရပ်လိုက်စမ်း "
သင်္ဘောသား ရပ်လိုက်သည်။ နောက်မှ လိုက်လာသည့် သင်္ဘောသားများ
ဝိုင်းကြည့်နေရာ ပုလင်းကိုင် သင်္ဘောသားရှက်သွားမည်ဆိုးသဖြင့် အရာရှိက
အောက်ပါအတိုင်း အောက်ပါအတိုင်းပြောလိုက်သည်။
" ငါမျက်လုံးနှစ်ဖက်ပိတ်ပြီး တစ်ကနေ သုံးအထိရေမယ်။ အဲ့ ဒီအချိန်အတွင်းမှာ
ရေထဲကို ပစ္စည်းကျတဲ့ အသံနှစ်ခုကြားချင်တယ်။ ကိုင်း တစ်၊ နှစ်၊ သုံး "
" ဗလွမ်း ၊ ဗလွမ်း "
အရာရှိ မျက်လုံးဖွင့်လိုက်သည်။
"အေး ဒီလိုမှပေါ့ ကိုင်း မင်းသွားနိုင်ပြီ "
သင်္ဘောသားပြေးတတ်သွားသည် ။ နောက်မှလိုက်ကြည့်နေသော အရာရှိက
အံသြတကြီးမေးသည်။
" ဟေ့  ဟေ့  မင်းခြေထောက်မှာ ဘာလို့ ဖိနပ်မပါရတာတုန်း "

မှန်လိုက်လေ
လင်မယားနှစ်ယောက် စကားပြောနေကြရာ

မိန်းမ " ရှင်တို့  ယောက်ျားတွေက ဒီဘက်နားက၀င်
ဟိုဘက်နားကပြန်ထွက်သွားတာပဲ"

ယောက်ျား " မင်းတို့ မိန်းမတွေကရော"

မိန်မ " ကျုပ်တို့ ကတော့ ဟိုဘက်နားက၀င်တာရော ဒီဘက်နားက ၀င်တာရော

ပါးစပ်ကပဲ ပြန်ထုတ်တာ"

သြော်

" သမီးနဲ့ ဈေးဝယ်တောင် အတူတူ မသွားရဲ ပါဘူးရှင်။ သမီးချောချောမွေးမိတဲ
့ဒုက္ခ တော်တို့ သိမှာမဟုတ်ပါဘူး"

" သဘာဝပဲလေ ဆီဆက်ပိုင်ရှင်ကြီးရယ်။ဝိုင်းဝိုင်းလည်နေလို့ စိတ်ညစ်နေတာပေါ
့။"

" ၀ိုင်းဝိုင်းလည်နေတာ စိတ်မညစ်ပါဘူးနော်။ လမ်းထောင့် က သူဌေးက
ယောက္ခမကြီးလို့ ခေါ်ခေါ်နေတာ

စိတ်ညစ်တာ"

" သူဌေးကခေါ်တာများ "

" အို…သူ့ အသက်က ကျုပ်ထက်သုံးနှစ်ပိုကြီးတယ်တော့ "


ဒေါ်ဒေါ်ပဲဆုံးဖြတ်ပါ

ကောင်လေးနဲ့ ကောင်မလေး ပန်းခြံထဲမှာ စကားထိုင်ပြောနေကြတုန်း ကောင်မလေးရဲ
့အမေရောက်လာပြီး …

" ကဲပြောစမ်း …။ မင်းငါ့ သမီးကို ဘာတွေပြောနေတာလဲ။
ဖြားယောင်းသွေးဆောင်နေတာမဟုတ်လာ
း"

ဒီတော့ ကောင်လေးက " မဟုတ်ရပါဘူးဒေါ်ဒေါ် သူကချည်းပြောနေတာပါ"

လုပ်အားခ


အစိုးရဌာနတစ်ခု၏ မန်နေဂျာက မီးခံသေတ္တာဖွင့် ရာတွင် သော့ နံပါတ်များ
တစ်ခုနှင့် တစ်ခု

ရှုပ်ထွေးပြီးငြိနေသဖြင့် ဖွင့် မရဘဲရှိနေသည်။ မန်နေဂျာက အကြံရပြီး
အနီးရှိ ထောင်တစ်ခု၏

ထောင်ပိုင်ထံ ဖုန်းဆက်ပြီး မီးခံသေတ္တာဖွင့် ခြင်းကို ကျွမ်းကျင်သော
ထောင်ကျအကျဉ်းသား

ရှိပါက စေလွှတ်ပေးပါရန် အကူအညီတောင်းခံလိုက်သည်။ မကြာမီ
ထောင်ဝါဒါတစ်ဦးနှင့် အတူ

အကျဉ်းသားတစ်ဦးရောက်ရှိလာသဖြင့် မီးခံသေတ္တာကို ပြလိုက်သည်။ အကျဉ်းသားက

နံပါတ်လှည့် သည့် ခလုတ်များကို လေ့ လာစစ်ဆေးပြီး ဖဏအကြာတွင် မီခံသေတ္တာကို

အလွယ်တကူ ဖွင့် ပေးလိုက်ရာ မန်နေဂျာမှာ အတော်ဝမ်းသာသွားသည်။

မန်နေဂျာ ။ ။ ကျေးဇူးတင်လိုက်တာကွာ။ မီးခံသေတ္တာဖွင့် ခဘယ်လောက်ပေးရမလဲ။

အကျဉ်းသား။ ။ ကြည့် သာပေးဗျာ။ ကျုပ်နောက်ဆုံးမီးခံသေတ္တာ ဖွင့် တုန်းကတော
့ငါးသိန်းရတာပဲ။


အားလုံးသဘောတူရင်

သင်္ဘောတစ်စီးတွင် ရေယာဉ်မှူးအသစ် အပြောင်းအလဲလုပ်ကြသည်။

ရေယာဉ်မှူးအဟောင်းက သင်္ဘော၏ နောက်ကြောင်းရာဇ၀င်ကိုပြောပြီး

သင်္ဘောသားများကို ရေယာဉ်မှူးအသစ်နှင့်  မိတ်ဆက်ပေးသည် ။

ရေယာဉ်မှူးအသစ် " မင်းတို့ အားလုံးသိအောင် တစ်ခုတော
့ရှင်းရှင်းပြောထားမယ်။

ဒီသင်္ဘောဟာ မင်းတို့ သင်္ဘောလည်းမဟုတ်ဘူး။ ငါ့ သင်္ဘောလည်းမဟုတ်ဘူး။

တို့ အားလုံးရဲ့ သင်္ဘောဖြစ်တယ်ဆိုတာပဲ။"

ထိုအခိုက် သင်္ဘောသားများထဲမှ အသံတစ်သံကြားထွက်လာသည်။

" ဟာ အရမ်းကောင်းတာပဲ။ အားလုံးသဘောတူရင် ရောင်းစားလိုက်ကြရအောင်"


စဉ်းစားပါဦး

သူမ "ငါနိုင်ငံခြားသွားမလို့ "

သူငယ်ချင်း " ဘာလုပ်ဖို့ "

သူမ " ပိုလှအောင် ခွဲစိတ်ကုသမလို့ "

သူငယ်ချင်း " အတော်ကုန်မှာပဲနော်"

သူမ " သိန်း၂၀၀ လောက်တော့ ကုန်မှာပေါ့ "

သူငယ်ချင်း " နှမြောစရာကြီးဟယ်"

သူမ " ကိုယ်ချစ်သူအတွက်ပဲကွာ"

သူငယ်ချင်း " စဉ်းစားပါဦးကွာ။ မင်းမှာရှိတဲ့ သိန်း၂၀၀ကုန်သွားရင်

မင်းချစ်သူက မင်းကို ချစ်ပါဦးမလား"


ပြောချင်လွန်းလို့ 

မြန်မာနိုင်ငံတွင် ဂျပန်များအုပ်စိုးနေသော ဒုတိယကမ္ဘာစစ်အချိန်ကာလဖြစ်သည်။
မြန်မာနိုင်ငံသို့ ရောက်လာသော ဂျပန်စစ်သားတစ်ဦးသည်
မြန်မာစကားအလွန်တတ်ချင်သဖြင့်
အမြဲလေ့ လာလျက်ရှိသည်။ နေ့ စဉ် အရပ်သုံးမြန်မာစကားများကို လေ
့လာကျက်မှတ်သည့် အပြင်
အိတ်ဆောင်မှတ်စုစာအုပ်လေးဖြင့် လည်း မြန်မာစကားအသံထွက်များကို
ဂျပန်လိုရေးမှတ်ထားလေ့ ရှိသည်။
တစ်နေ့ တွင် ထိုဂျပန်စစ်သားသည် စက်ဘီးစီဒလျှက် မြို့ ထဲသို့ ထွက်လာစဉ်
လမ်းလျှောက်လာသော
မြန်မာတစ်ယောက်ကို မမျှော်လင့် ဘဲ စက်ဘီးနှင့် ဝင်တိုက်မိလေသည်။
အတိုက်ခံရသူမှာ ဘာမှမဖြစ်သော်လည်း
ဂျပန်စစ်သားမှာမူ စက်ဘီးရောလူပါလဲကျသွားသည်။ ထိုအခါ လဲနေရာမှ
ချက်ချင်းထကာ သူ၏ မှတ်စုစာအုပ်ကို
ထုတ်လျှက် စာရွက်များကိုအပြင်းအထန်လှန်ေ
နသည်။ ကိုရွှေမြန်မာမှာမူ သူ
့ကိုရေးမှတ်သွားကာ ဖမ်းဆီးမည်
ထင်ပြီး ကြောက်လန့် နေ၏ ။ သို့ သော် ဂျပန်ကမူ သူ၏စာအုပ်ကိုကြည့်  ၍
အားရပါးရအော်လိုက်သံကို
ကြားရသောအခါ ကိုရွှေမြန်မာမှာ ရယ်ချင်စိတ်ကိုမနည်းချုပ်တည်းထာ
းရလေသည်။
ဂျပန်စစ်သားက မြန်မာစကားမပီတပီဖြင့် အော်လိုက်သည်ကတော အောင်မလေးဗျ
ဟူသတည်း။





from fwd mail...
Today, there have been 13 visitors (23 hits) on this page!


www.zawtk.mmgenius.com

မြန်မာစံတော်ချိန်

ဒီမှာပြောလို့ရတယ်
ဘာနေ့လဲ ဆိုတာ ကြည့်မယ်
ရောင်စုံငါးလေးတွေ အစာကျွေးမယ်

အဖြူရောင်သံစဉ်ရေဒီယို
အဖြူရောင်သံစဉ်
ကျွန်တော့ဆိုဒ်လေးသို့ရောက်လာကြသော သူငယ်ချင်းများ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်.. နောက်လည်းလာလည်ကြပါအုံးနော်... This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free