မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေ
     Home
     အင်တာနက်
     ဆောင်းပါး
     => ခေတ်လူငယ်နှင့်အင်တာနက်
     => ချစ်ရတာ...မလွယ်ပါလား
     => အချစ်ဆိုတာ..
     => Online Love!
     => တစ်ပွင့်နှင်းဆီ
     => ဘယ်ချိန်ဖုန်းဆက်မလဲ
     => ပညာသည်
     => Pay it Forward
     => မှတ်သားထားရန်
     => ကျောက်ခဲ
     => ဆူးနဲ့သစ်ပင်
     => ငွေရောင်ငှက်နဲ့ရွှေရောင်ငှက်
     => valentine day
     => ယောက်ျားနှင့် မိန်းမ
     => စိတ်အာဟာရ
     => ဘ၀မြေသြဇာ
     => စိတ်ညစ်ပျောက်ဖို့
     => ချစ်ခြင်းနှင့် ရူးသွပ်ခြင်း
     => အချစ်စစ်ရဲ့ရုပ်ပုံလွှာ
     => ဆက်သွယ်ရန်
     => ကော်ဖီတစ်ခွက်
     => Question & Answer
     => ချစ်နိုင်ပါစေ
     => ကောင်လေးနဲ့ ကောင်မလေး
     => လူငယ်၊ နှင့် အင်တာနက်ရာဇ၀တ်မှုများ
     နည်းပညာများ
     ကဗျာများ
     ဟာသများ
     ဒဿနစာစုများ
     ဓမ္မဒါန
     မြန်မာWebSiteများ
     အမှတ်တရ
     ဘလော့ Roll
     မဂ္ဂဇင်းလေးတွေ
     ကျောက်ကွင်းဝါဒပြိုင်ပွဲ
     မိုက်ကယ်ဂျက်ဆင်
     ကျန်းမာရေး
     သတင်းများ



မိုးကောင်းကင် - ကျောက်ခဲ


သောက်တလွဲ ကျောက်ခဲ


ကျွန်တော့်နာမည် ကျောက်ခဲ..။ ဒီလောကမှာ သန်းပေါင်းများစွာရှိတဲ့ ကျောက်ခဲတွေထဲက
တစ်လုံးပေါ့ဗျာ..။ ကျွန်တော်တို့ မျိုးရိုးတွေထဲမှာ အနီမျိုးရိုးတို့
အပြာမျိုးရိုးတို့ ဆိုရင် ဂုဏ်ကြီးရှင်မျိုးတွေပေါ့ဗျာ..။ သူတို့တွေက
တစ်မြို့ထဲသားတွေလေ.. သူတို့အားလုံးဟာ တန်ဖိုးရှိတဲ့အမျိုးတွေ ဆိုပါတော့။
သူတို့တွေဟာ တစ်ခါတစ်ခါဆို  နိုင်ငံခြားသွားကြတယ်ဗျ။ သူတို့ သူဌေးတွေက
ချမ်းသာကြတာကိုး။ အဆင်ပြေရင် နိုင်ငံခြားမှာ နေခဲ့ကြတာတွေ ရှိသလို အဆင်မပြေလို့
သူတို့သူဌေးတွေနဲ့ ပြန်လိုက်လာကြတာ တွေလည်း ရှိတယ်ဗျ။ တစ်ချို့တွေများဆိုရင်
နိုင်ငံခြားကို ဘယ်သူမှမသိလိုက်ပဲ ရောက်သွားတာတွေ အများကြီးပဲလေ..။

ကျွန်တော်တို့မျိုးရိုးကတော့ သာမန်မျိုးရိုးဆိုပါတော့ဗျာ။ ကျွန်တော်တို့ ဘ၀ဟာ
နိုင်ငံခြားဆိုတာ အဝေးကြီးမှာပေါ့။ ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ
ဒီလောကကြီးကို ကျရာနေရာကနေ တာဝန်ကျေချင်တဲ့ စိတ်တွေရှိတယ်လေ။ အနီမျိုးရိုးတို့
အပြာမျိုးရိုးတို့ဆိုရင် လောကကို အလှဆင်ပြီးတာဝန်ကျေကြတယ်မဟုတ်လားဗျ.။ ဒီတော့
ကျွန်တော်တို့လည်း ကျောက်ခဲဖြစ်ရကျိုးနပ်အောင် တတ်နိုင်သလောက်
ဖြည့်ဆည်းပေးချင်တာတော့ အမှန်ပဲဗျ..။

တစ်ရက်တုန်းကပေါ့.။ ကျွန်တော်တို့ အမျိုးတွေ အားလုံးပျော်ခဲ့ကြတယ်ဗျ.။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ကျောက်ခဲဖြစ်ရကျိုးနပ်ဖို့
အခွင့်အလမ်း ရလာလို့လေ။ အားလုံးကို ကျွန်တော်တို့ သူဌေးက ကားတစ်စီးနဲ့
လာခေါ်တယ်။ နောက်သူ ထားခဲ့တဲ့ နေရာမှာ အားလုံး စောင့်ဆိုင်းနေကြတာပေါ့ဗျာ။
ကျွန်တော်တို့ကို မြင်တဲ့ သူတွေ အားလုံးကလည်း ပျော်ရွှင်နေကြတာပေါ့။ သူတို့တွေ
သွားရေးလာရေး အဆင်ပြေကြတော့မှာကိုး။ ဒါပေမယ့်ဗျာ.. တစ်ရက်ပြီးတစ်ရက်သာ
ကုန်သွားတယ်.. ကျွန်တော်တို့ဟာ သူတို့ ထားခဲ့တဲ့နေရလေးမှာ ငုတ်တုတ်လေးတွေ
ထိုင်လို့ပဲဗျ.။ မိုးရွာတော့လည်း ဒီအတိုင်းလေးပဲ။ နေပူတော့လည်း
ဒီအတိုင်းလေးပဲလေ။ အချိန်နည်းနည်းကြာတော့ ကားတစ်စီးနဲ့ ကျွန်တော်တို့ကို
ပြန်လာခေါ်သွားတယ်။ ကျွန်တော်တို့လည်း သူတို့ခေါ်တဲ့ နောက်ကို လိုက်လာခဲ့ရတာပေါ့။
သူတို့ဟာ ကျွန်တော်တို့ကို နောက်ထပ် တစ်နေရာကို ပြန်ပို့တယ်။ ကျွန်တော်တို့လည်း
လောကအတွက်ပဲလေဆိုပြီး စိတ်ရှည်ရှည်ထားပြီး စောင့်နေကြပါတယ်။ ဒီနေရာမှာလည်း
အချိန် တော်တော်ကြာတော့ ကားနဲ့လာခေါ်ပြီး နောက်တစ်နေရာကို ထပ်ပို့ပြန်တယ်ဗျ.။
အဲဒီနေရာမှာလည်း အချိန်အတော်ကြာတဲ့ အထိ နေခဲ့ရပြီး နောက်တစ်နေရာကို
ထပ်ရောက်ရပြန်တယ်လေ။

ဒီလိုနဲ့ ကျွန်တော်တို့ အမျိုးတွေဟာ တဖြည်းဖြည်း လုံးပါးပါးကုန်တော့တာပါပဲ။
တစ်နေရာရွေ့တိုင်း ကျန်ခဲ့တဲ့သူနဲ့၊ အဝေးကိုလွင့်သွားခဲ့တဲ့သူနဲ့လေ။ ဒါပေမယ့်
ကျွန်တော်တို့ သူဌေးကတော့ ရာထူးတွေတက်လို့ တစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားတာ
ဘယ်နှစ်ယောက်မှန်းတောင် မမှတ်မိအောင်ပါပဲ..။ ကျွန်တော်တို့ ဘ၀တွေကတော့
ကားပေါ်ရောက်လိုက်၊ လမ်းပေါ်အိပ်လိုက်နဲ့ လုံးပါးပါးရင်း……………….။

http://lovelessguiter.iblogger.org/ ကူးယူမျှဝေပါသည်။
Today, there have been 8 visitors (15 hits) on this page!


www.zawtk.mmgenius.com

မြန်မာစံတော်ချိန်

ဒီမှာပြောလို့ရတယ်
ဘာနေ့လဲ ဆိုတာ ကြည့်မယ်
ရောင်စုံငါးလေးတွေ အစာကျွေးမယ်

အဖြူရောင်သံစဉ်ရေဒီယို
အဖြူရောင်သံစဉ်
ကျွန်တော့ဆိုဒ်လေးသို့ရောက်လာကြသော သူငယ်ချင်းများ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်.. နောက်လည်းလာလည်ကြပါအုံးနော်... This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free