မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေ
     Home
     အင်တာနက်
     ဆောင်းပါး
     => ခေတ်လူငယ်နှင့်အင်တာနက်
     => ချစ်ရတာ...မလွယ်ပါလား
     => အချစ်ဆိုတာ..
     => Online Love!
     => တစ်ပွင့်နှင်းဆီ
     => ဘယ်ချိန်ဖုန်းဆက်မလဲ
     => ပညာသည်
     => Pay it Forward
     => မှတ်သားထားရန်
     => ကျောက်ခဲ
     => ဆူးနဲ့သစ်ပင်
     => ငွေရောင်ငှက်နဲ့ရွှေရောင်ငှက်
     => valentine day
     => ယောက်ျားနှင့် မိန်းမ
     => စိတ်အာဟာရ
     => ဘ၀မြေသြဇာ
     => စိတ်ညစ်ပျောက်ဖို့
     => ချစ်ခြင်းနှင့် ရူးသွပ်ခြင်း
     => အချစ်စစ်ရဲ့ရုပ်ပုံလွှာ
     => ဆက်သွယ်ရန်
     => ကော်ဖီတစ်ခွက်
     => Question & Answer
     => ချစ်နိုင်ပါစေ
     => ကောင်လေးနဲ့ ကောင်မလေး
     => လူငယ်၊ နှင့် အင်တာနက်ရာဇ၀တ်မှုများ
     နည်းပညာများ
     ကဗျာများ
     ဟာသများ
     ဒဿနစာစုများ
     ဓမ္မဒါန
     မြန်မာWebSiteများ
     အမှတ်တရ
     ဘလော့ Roll
     မဂ္ဂဇင်းလေးတွေ
     ကျောက်ကွင်းဝါဒပြိုင်ပွဲ
     မိုက်ကယ်ဂျက်ဆင်
     ကျန်းမာရေး
     သတင်းများ



မိုးကောင်းကင် - ငွေရောင်ငှက်နဲ့ရွှေရောင်ငှက်




တစ်ခါက ထင်းခုတ်သမား တစ်ဦးဟာ နေ့တိုင်း တောထဲသွားပြီး ထင်းခုတ်လေ့ရှိတယ်။ တစ်နေ့မှာ ထင်းခုတ်သမားဟာ ခါတိုင်းနေ့လိုပဲ ထင်းခုတ်ဖို့ အိမ်ကထွက်ခဲ့တယ်။ အသွားလမ်းမှာ ထင်းခုတ်သမားဟာ ဒဏ်ရာရထားတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်မိတယ်။ ငှက်ရဲ့ တစ်ကိုယ်လုံးက ငွေရောင်အမွေးအတောင်နဲ့ တဖိတ်ဖိတ် လှပနေခဲ့တယ်။ ထင်းခုတ်သမားက ငွေရောင်ငှက်ကိုတွေ့တော့ "ဟာ... ငါ့တစ်သက် ဒီလောက်လှတဲ့ငှက်မျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး" လို့ဆိုပြီး ငှက်ကို အိမ်ယူလာပြီး ဆေးကုပေးခဲ့တယ်။

ဆေးကုသနေတဲ့ အချိန်အတွင်း ငှက်က ထင်းခုတ်သမားကို နေ့တိုင်း သီချင်းဆိုပြတယ်။ သာယာတဲ့ ငွေရောင်ငှက်ရဲ့သီချင်းသံကြားမှာ ထင်းခုတ်သမား ပျော်မွေ့နေခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့မှာ အိမ်နီးချင်း မိတ်ဆွေတစ်ဦးက ငွေရောင်ငှက်ကို မြင်တော့ ထင်းခုတ်သမားကို ရွှေရောင်ငှက်ကို သူတွေ့ဖူးကြောင်း ပြောပြတယ်။ ရွှေရောင်ငှက်က ငွေရောင်ငှက်ထက်လှပြီး အသံပိုချိုကြောင်း ထင်းခုတ်သမားကို ပြောတယ်။ ထင်းခုတ်သမားက ရွှေရောင်ငှက်လည်း ရှိပါလားဆိုပြီး ရွှေရောင်ငှက်ကို တွေ့ချင်မြင်ချင်စိတ်တွေ တဖွားဖွား ပေါ်လာခဲ့တယ်။

ငွေရောင်ငှက်ဆိုပြတဲ့ သီချင်းတွေကိုလည်း ဂရုတစိုက် နားမထောင်နိုင်တော့ဘဲ ရွှေရောင်ငှက်ကိုပဲ တမ်းတနေခဲ့တယ်။ ထင်းခုတ်သမားမှာ အပျော်ဆိုလည်း မရှိခဲ့တော့ပါဘူး။

တစ်နေ့မှာ ထင်းခုတ်သမားက အိမ်ရှေ့မှာ ထိုင်ပြီး နေဝင်ဆည်းဆာကို ငေးမောကြည့်နေခဲ့တယ်။ စိတ်ထဲမှာလည်း ရွှေရောင်ငှက်က ဘယ်လောက်လှပမလဲလို့ တွေးတောနေခဲ့တယ်။ အဲဒီအချိန်မှာ ဒဏ်ရာပျောက်ကင်းစ ဖြစ်ပြီဖြစ်တဲ့ ငွေရောင်ငှက်က အိမ်ကနေခွါဖို့ ပြင်ဆင်ခဲ့တယ်။ ငွေရောင်ငှက်က ထင်းခုတ်သမားနား ပျံသွားပြီး နောက်ဆုံးအကြိမ် သီချင်းဆိုပြခဲ့တယ်။ သီချင်းနားထောင်ပြီးနောက် ထင်းခုတ်သမားက "နင့်သီချင်းသံက နားထောင်လို့ ကောင်းပေမယ့် ရွှေရောင်ငှက်လောက်တော့မီမယ်မထင်ပါဘူး။ နင့်အမွေးအတောင်တွေက လှပတယ်ဆိုပေမယ့် ရွှေရောင်ငှက်လောက်တော့ လှမယ်မထင်ဘူးလို့" ပြောလိုက်တယ်။

ငွေရောင်ငှက်က သီချင်းဆိုပြီး ကျေးဇူးတင်တဲ့အနေနဲ့ ထင်းခုတ်သမားကို သုံးကြိမ်လည်ပတ်ပြီးနောက် နေဝင်တဲ့ဖက်ကို ဦးတည် ပျံသန်းသွားခဲ့တယ်။ ငွေရောင်ငှက် ပျံသွားတာကို ထင်းခုတ်သမား ငေးကြည့်ရင်း ရုတ်တရက် နေရောင်အောက်မှာ ငှက်ရဲ့ ငွေရောင်အမွေးတွေဟာ ရွှေရောင်အသွင်ဖြစ်နေတာကို တွေ့လိုက်မိတယ်။ သူညစဉ် အိပ်မက် မက်ခဲ့တဲ့ ရွှေရောင်ငှက်လေး၊သူတမ်းတနေတဲ့ ရွှေရောင်ငှက်ဟာ သူဘေးမှာပဲ ရှိနေခဲ့တာကို သူမသိခဲ့ဘူး။ ခုတော့ ငှက်ကလေးက ဝေးဝေးနဲ့ မြင့်မြင့်ကိုပျံသန်းသွားခဲ့ပါပြီ။

အခုလက်ရှိ သင်ရဲ့ ချစ်သူက ရုပ်ချောချင်မှလဲ ချောမယ်၊ အရပ် မြင့်ချင်မှလဲ မြင့်မယ်၊ ကိုယ်လုံးလှချင်မှလဲ လှမယ်၊ ဌေးချင်မှလဲ ဌေးမယ်၊ သင့်အနားမှာ အချိန်ပြည့် ရှိချင်မှလဲရှိမယ်၊ သင်သတ်မှတ်ထားတဲ့ ယောက်ျားပီသသူ/ မိန်းကလေးပီသသူလဲ ဖြစ်ချင်မှဖြစ်မယ်။

ဒါပေမယ့်...
လူတွေဟာ တစ်ခါတလေ ကိုယ့်ကိုယ်ကို သတိမထားမိချိန်မှာ ထင်းခုတ်သမား ဖြစ်သွားတတ်ပါတယ်။ ရွှေရောင်ငှက်ဟာ ကိုယ့်ဘေးမှာပဲ ရှိနေခဲ့မှန်း သတိမထားမိ ဖြစ်တတ်ကြတယ်။ အနားမှာရှိတဲ့ ငွေရောင်ငှက်ထက် ရွှေရောင်ငှက်ရဲ့ အသံက ပိုသာမယ်လို့ ထင်ကြပြီး ရွှေရောင်ငှက်ကိုပဲ ပိုအလိုရှိခဲ့ကြတယ်။

"မိန်းမတွေ လှကြစမ်းပါ၊ ယောက်ျားပီသကြစမ်းပါ" ကို ရေးမိပါတယ်။ တော်ကြာနေ ခါးကအဆီကို ကိုင်မိလို့ ချစ်သူပစ်သွားတယ်၊ နှုတ်ခမ်းကွဲလို့ အလှဆီလေး လိမ်းမိတာ ယောက်ျားဖြစ်ပြီး အလှကြိုက်တယ်ဆိုပြီး ချစ်သူပစ်သွားတယ်.. စတာတွေ ဖြစ်မှာစိုးလို့ငွေရောင်ငှက်၊ ရွှေရောင်ငှက်ကို ဘာသာပြန်ရေးလိုက်ပါတယ်။ ဒီတစ်ခုထက် ဟိုတစ်ခု ကောင်းနိုးနိုးနဲ့ မသိမသာ ထင်းခုတ်သမားတွေ ဖြစ်မသွားကြပါစေနဲ့လို့.. ..


သူငယ်ချင်း ပို့ပေးလိုက်တဲ့စာလေးပါ။

Today, there have been 7 visitors (28 hits) on this page!


www.zawtk.mmgenius.com

မြန်မာစံတော်ချိန်

ဒီမှာပြောလို့ရတယ်
ဘာနေ့လဲ ဆိုတာ ကြည့်မယ်
ရောင်စုံငါးလေးတွေ အစာကျွေးမယ်

အဖြူရောင်သံစဉ်ရေဒီယို
အဖြူရောင်သံစဉ်
ကျွန်တော့ဆိုဒ်လေးသို့ရောက်လာကြသော သူငယ်ချင်းများ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်.. နောက်လည်းလာလည်ကြပါအုံးနော်... This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free