မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေ
မိုးကောင်းကင် - Home




ရတနာပုံ အက်ဖ်စီ ဘော်လုံးကလပ် ပြည်ပခရီး ခြေဆန့်မည်

မြန်မာကြေးစား ဘော်လုံး လောကတွင် ပထမဆုံး အကြိမ် ချန်ပီယံအဖြစ် ဆွတ်ခူးခဲ့သော ရတနာပုံ အက်ဖ်စီ ဘော်လုံး ကလပ်သည် အောက်တိုဘာ လ ၂၇ ရက်နေ့မှ ၂၉ရက်နေ့ အထိ

ကျင်းပမည့် ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်းရှိ “၂၀၀၉ ဖူးခက် ကာတာ ဂရုဖ်ဖလား” ကြေးစား ကလပ်များ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့်ဟု သိရှိ ရသည်။

အာရပ် ကမ္ဘာမှ ကာတာ စီးပွားရေး လုပ်ငန်းရှင်များ အုပ်စုက စပွန်ဆာ ပေးသော ဖူးခက် ကာတာ ဂရုဖ် ဖလား ပြိုင်ပွဲသို့ ရတနာပုံ အက်ဖ်စီ အသင်းနှင့် အတူ ရတနာပုံ အက်ဖ်စီ ပရိသတ်များ အပါအ၀င် မည်သူမဆို လိုက်ပါ အားပေးနိုင်ကာ ထို ကလပ်အသင်း မှပင် ခရီးစဉ်အတွက် စီစဉ်ပေးမည် ဖြစ်ကာ (၅) ညအိပ်၊ (၆) ရက် ခရီးစဉ် အား ဒေါ်လာ USD 750 ကျသင့်မည် ဖြစ်သည်။

ဆက်ဖတ်ရန်...

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

ကမာ့္ဘ အသက်အငယ်ဆုံး ဥာဏ်ရည် မြင့်မားလှသည့် ကလေးငယ်


   ကမ္ဘာ့ အသက်အငယ်ဆုံး ဥာဏ်ကြီးရှင် အော်စကာ ရစ်ဂလေ နှင့် သူ၏ဖခင် ဂျိုးရစ်ဂလေ © ( ဖလစ်ကာ )


အသက် (၂)နှစ်သာ ရှိသေးသော ဗြိတိန် ကလေးငယ် တဦးတွင် စတီဖင် ဟော့ကင်း၊ အဲလ်ဘတ် အိုင်းစတိုင်း တို့နှင့် အဆင့်တူ ဥာဏ်ရည်မျိုး ပိုင်ဆိုင် နေကြောင်း သိရှိရသည်။

အော်စကာ ရစ်ဂလေ သည် IQ အဆင့် (၁၆၀) အထက်တွင် ရှိနေပြီး ယင်း ပမာဏသည် လူပေါင်း သန်းနှင့်ချီတွင် တဦးမျှသာ ပိုင်ဆိုင်နိုင်သော ဥာဏ်ရည် ဥာဏ်သွေးလည်း ဖြစ်သည်။

ထို့ကြောင့်လည်း IQ အဆင့် (၁၆၀) အထက် ပုဂ္ဂိုလ် များကိုသာ စုစည်း ထားသည့် Mensa အမည်ရှိ ဥာဏ်ရည်မြင့်သူများ အသင်းအဖွဲ့တွင် အော်စကာမှာ အသက်အငယ်ဆုံး Member ဖြစ်လာခဲ့ရသည်။

Mensa အဖွဲ့၏ အမှုဆောင်ချုပ် ဂျွန်စတီဖင်ဆင်က အော်စကာ့ အသက် (၂)နှစ်၊ (၅)လနှင့် (၁၁)ရက်တွင် Mensa တဦး ဖြစ်လာသည့် အတွက် ဂုဏ်ယူ ကြိုဆိုကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့သည်။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


မိခင်ဘ၀ရဲ့ လုပ်ငန်း

ခေတ်မီလာတယ်ပဲပြောရမလား ခေတ်ရေစီးကြောင်းပဲ ပြောရမလား။ ဒီနေ့ခေတ်မှာ
တစ်ချို့သော မိန်းကလေးတွေက သူတို့အနေနဲ့ အိမ်ထောင်ပြုပြီဆိုရင်
ကလေးယူဖို့ကိစ္စကို မဝင့်ရဲချင်ကြဘူး။ မယူချင်ကြဘူး။ ရှက်တာလိုလို
ကြောက်တာလိုလို သူတို့အနေနဲ့ တစ်ခုခုကိုပဲ ဆုံးရှုံးခံလိုက်ရသလိုတွေ ရှိနေကြတယ်။
ကြားဘူးနေတယ်။ တစ်ကယ်တော့ အဲဒီကိစ္စလေးမှာက စိတ်ဝင်စားစရာ ဆွေးနွေးချင်စရာလေးတွေ
နဲ့ပါ။ တစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်လား၊ သဘာဝတရားရဲ့ တုံ့ပြန်ချက်တွေလား၊
လူမှုပတ်ဝန်းကျင်ရဲ့ စံသတ်မှတ်ချက်တွေလား ဆိုတဲ့ အမြင်မျိုးစုံတော့
ရှိနေမှာပါပဲ။ နိုင်ငံတော်အနေနဲ့ရော ဒီလိုကိစ္စတွေအပေါ်မှာ
ဘယ်လိုတုံ့ပြန်သင့်သလဲ။ စသဖြင့် စိတ်ဝင်စားစရာလေးတွေကို တနေရာမှာ ဖတ်မိပါတယ်။
ဖတ်မိတော့လည်း အစားကောင်းစားရတော့ မိတ်ဆွေကိုသတိရတတ်သလိုမျိုး ပြန်လည်
ဝေမျှချင်ပါတယ်။ ဒါနဲ့ပဲ အဲဒီ့ဆွေးနွေးချက်လေးတွေကို ကူးတင်ပေးလိုက်တယ်။
စာဖတ်သူတို့လည်း စိတ်ဝင်စားကြမယ် လို့ထင်ပါတယ်။ တွေးစရာလေးပါလို့
အတွေးစရသွားခဲ့မယ်၊ ဒါမှမဟုတ် စိတ်မှာရှိနေပြီးသား အတွေးတွေဆိုရင်လည်း
အော်-သူတို့ကတော့ ဒီလိုတွေးကြပါလားလို့ ဗဟုသုတလေး ရသွားတယ်ဆိုရင် ဝေမျှရတာအတွက်
ကျေနပ်လေရဲ့။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

ကိုယ်...ဘာမှားလို့သွားလို့လဲ?

လူ၏ခန္ဓာကိုယ်အတွင်းသို့ လိုအပ်သောအရည်ဓာတ်များ ဖြည့်သွင်းသည့်ကိရိယာ များဖြစ်သော infusion devices များသည် စက်ပစ္စည်းများဖြစ်ကြပြီး လူနာ၏ ကိုယ်တွင်းသို့ သွေးပြန်ကြောမှတဆင့် လူနာအတွက်လိုအပ်သော ဆေးဝါးများထည့်ဖျော်စပ်ထားသော အရည်များကို ဖြည့်သွင်းရာတွင် အသုံးပြုသည်။ လူနာတစ်ဦးအား နှလုံးဆိုင်ရာခွဲစိတ်ကုသမှုတစ်ခုပြုလုပ်တော့မည့်အချိန်ဖြစ်သည်။ ထိုလူနာမှာ သွေးတိုးရောဂါအခံရှိထားသူဖြစ်ကာ ထိုအကြောင်းကိုလည်းခွဲစိတ်မည့် တာဝန်ရှိသူများအားအသိပေးထားပြီးဖြစ်သည်။

ခွဲစိတ်ကုသမှုတစ်ခု၏ လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် ခွဲခန်းသူနာပြုဆရာမသည် အရည်ဖြည့်သွင်းကိရိယာသုံးမျိုးကို တပ်ဆင်လိုက်သည်။ ထိုသူနာပြုဆရာမသည် ဤခွဲခန်း၏ ခွဲစိတ်မှုအသင်းတွင်လူသစ်တစ်ယောက်ဖြစ်သည်။ ဤဆေးရုံတွင်အလုပ်ဝင်လာသည်မှာ သုံးပတ်မျှသာရှိသေးသည်။ အခြားအသင်းသားများကတော့ ဤခွဲခန်းတွင်အတူတကွအလုပ်လုပ်လာခဲ့သည်မှာ အနည်းဆုံး(၆)လကျော်ပြီဖြစ်သည်။ သူနာပြုဆရာမသည် ထိုပစ္စည်းများကို အထူးသတိထား၍ တပ်ဆင်နေရသည်။ အကြောင်းမှာ ပစ္စည်းတစ်ခုက သူမမြင်ဖူးသုံးဖူးနေကျ အမျိုးအစားနှင့်ကွာခြားနေသောကြောင့်ဖြစ်သည်။

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

လူငယ်စုံတွဲများ အနောက်တိုင်းဆန်လွန်းလျှင် HIV/AIDS ကူးစက်နိုင်


ပြည်ပ ရုပ်ရှင်ဗီဒီယို များတွင် တွေ့မြင်ရလေ့ရှိသည့် နှုတ်ခမ်းခြင်း ထိတေ့၍ ကြင်နာပေးခြင်းမှာ HIV/AIDS ရောဂါ ကူးစက်နိုင်ကြောင်း ဝေဘာဂီဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လွင်က ပြောသည်။ လူ၏ တံတွေး တွင် HIV/AIDS ပါဝင်သည် ဟုဆိုသော်လည်း ရာခိုင်နှုန်း မှာအလွန် နည်းကြောင်း၊ ပါးစပ်တွင် အနာရှိခြင်း၊ နှုတ်ခမ်းခြင်းတေ့စုပ်ချိန် တွင် အလွယ်တကူ သွားဖုံးသွေးယိုခြင်းတို့ဖြင့်  HIV/AIDS အလွယ် တကူ ကူးစက်နိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောသည်။ “မျက်လုံးတို့၊ အသားနုတို့ဆိုတာက ကူးစက်နိုင်ခြေရှိတယ်။ ကြမ်း ကြမ်းတမ်းတမ်းပြုမူမယ်ဆိုရင် ပိုပြီးဖြစ်နိုင်တာပါ”ဟု နိုင်ငံခြားဆန်ဆန် အနမ်းပေးခြင်းဖြင့် HIV/AIDS ကူးစက်နိုင်ကြောင်းကို ဒေါက်တာအောင် လွင်က ရှင်းပြ သည်။
 
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

♥ ♥ ♥ မျောက်တစ်အုပ်နှင့်ဦးထုပ်သည်♥ ♥ ♥

တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်ကထွက်ပြီး ဈေးကို
သွားရောင်းတယ်….။

ဦးထုပ်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့လျှိုပြီး
ထမ်းလာတယ်…။

နေပူလို့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ်…။ လမ်းတစ်ဝတ်မှာ
ညောင်ပင်ကြီးတစ်ပင်အောက်သူရောက်
လာတယ်…။

ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။

ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..။
ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်…။ ခြင်းတောင်းကြီးကို ပစ်ချပြီး
ညောင်ပင်ကြီးကို မှီနားလိုက်တယ်…။ ခြေပစ်လက်ပစ် အနားယူရင်း
သူအိပ်ပျော်သွားတယ်…။ အိပ်ယာက နိုးလို့ ကြည့်လိုက်တော့
သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တွေ တစ်လုံးမှမရှိတော့ဘူး..။

သူ့ရင်ဘတ်မှာ ကပ်ထားတဲ့သူ့ဦးထုပ်ပဲကျန်တော့တယ်…။ ဦးထုပ်တွေ
ဘယ်ပျောက်သွားသလဲလိုက်ရှာတော့ ညောင်ပင်ပေါ်က
မျောက်တစ်အုပ်ရဲ့ခေါင်းတွေပေါ်ရောက်ကုန်တယ်…။ အဲဒီဦးထုပ်တွေ သူပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်…။ သူက အားတဲ့အချိန်မှာ
အမြဲစာဖတ်တဲ့အကျင့်ရှိတော့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး
စဉ်းစားဖြေရှင်းတတ်တယ်…။ နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်…။

သူ့လက်ထဲက ဦးထုပ်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး
မျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်…။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

အောက်တိုဘာ ၅ ရက်နေ့ ကမ္ဘာ့ဆရာများနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့..ကြေးမုံသတင်းစာမှာပါတဲ့.. ပန်းတောင်းသန်းကြွယ် ရဲ့ ကဗျာ.လေး နဲ့ ပြန်လည် ဂုဏ်ပြုလိုက်ပါတယ်..

                 

            ♥ ♥ ♥ ပူဇော်ထိုက်သူများ ♥ ♥ ♥


                  အိုဘယ်ချစ်စွာ၊ တပည့်လှတို့
                  ချွန်ကြပါစေ၊ တော်ကြစေဟု

                  စေတနာမှန်စွာ၊ ၀ါသနာနှင့်

                  နစ်နာခံကာ၊ နာသုံးနာဖြင့်

                  ရင်မှာပေါက်ဖွား၊ သမီးသားသို့

                  မခြားနေ့စဉ်၊ စာပေသင်၍

                  ပဲ့ပြင်နိစ္စ၊ ဆိုဆုံးမခဲ့

                   မြတ်လှသေချာ၊ ထိုဆရာသည်

                   ဥစ္စာမွဲမြာ၊ မချမ်းသာလည်း

                   ရင်မှာအေးချမ်း၊ မြဲရွှင်လန်း၏။

 

                  ပင်ပန်းနေ့စဉ်၊ စာကိုသင်၍

                  ပေါ်လွင်ထင်ရှား၊ တပည့်များ၏

                  ကြီးပွားနေကြောင်း၊ သတင်းကောင်းကို

                  ခေါင်းတညိတ်ညိတ်၊ ထောင်နားစိတ်သော်

                  သိမ့်သိမ့်ရင်မှာ၊ ပီတိဖြာ၏။

 

                   မာလာငုံဆင့်၊ ပန်းတို့ပွင့်အောင်

                   ရင်နှင့်ရင်းကာ၊ ကြိုးပမ်းရှာသည့်

                   ပညာသင်ကြား၊ ဆရာများသည်

                   ဦးဖျားထိပ်တွင်၊ အမြဲတင်၍

                   နေ့စဉ်ရိုကျိုး၊ မြတ်မြတ်နိုးဖြင့်

                   ရှိခိုးထိုက်သူများပါတကား……။

 

ပန်းတောင်းသန်းကြွယ်
zawtk...

------------------- + + + --------------------
ပြီးခဲ့တဲ့ လေး၊ ငါးနှစ်ကာလတွင် Internet Chatting တွေ အရမ်းခေတ်စားလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် မဆုံဖူးသူတွေဟာ အင်တာနက်ပေါ်မှာ မိတ်ဖွဲ့ကြတယ်။ တောင်တောင်အီအီတွေ ပြောကြတယ်။ အခုဆို ကင်မရာကိုသုံးပြီး တစ်ယောက်နဲ့တစ်ယောက် ဖန်သားပြင်ပေါ်မှာတောင် မြင်နိုင်ပြီ။ အင်တာနက် ဆက်သွယ်မှုတွေကောင်းလာတော့ အင်တာနက်ကိုအသုံးချပြီး အမြတ်ထုတ်ချင်သူတွေလည်း များလာတယ်။ သူတို့က “ဘယ်သူ ဘယ်ဝါမှန်းမသိခြင်း” (Anonymity) ကို အသုံးချပြီး အင်တာနက် ရာဇ၀တ်မှုတွေ ကျူးလွန် လာပါတယ်။
 
Internet Chatting အကြောင်းပြောရင် နိုင်ငံခြားက ပညာပေးကြော်ငြာလေးတစ်ခုကို သတိရမိတယ်။ အဲ့ဒီကြော်ငြာထဲမှာ ကောင်လေးနဲ့ကောင်မလေးတစ်ယောက်တို့ ကင်မရာသုံးပြီး Internet Chatting လုပ်ကြ တယ်။ ဒါကို Webcam Chatting လို့လည်းခေါ်ကြပါတယ်။ ဒီကောင်လေးနဲ့ ကောင်မလေးတို့ဟာ ဆယ်ကျော် သက်အရွယ်တွေ။ သူတို့ပြောတဲ့စကားတွေက လိင်နှိုးဆွမှုကို အသားပေးတဲ့စကားတွေ။ ဒီတော့ လည်ပင်းကနေ ခါးလောက်အထိပဲ ကွန်ပျူတာဖန်သားမှာ ပေါ်တယ်။ ကောင်လေးက တီရှပ်အဖြူ (အဖြူလို့ ထင်တာပဲ) ၀တ်ထား ပြီး ကောင်မလေးက တီရှုပ်အနီပေါ်မှာ အရုပ်ပါတာ ၀တ်ထားတယ်။ သူတို့နှစ်ယောက် ညစ်ညစ်ညမ်းညမ်းတွေ ပြောပြီးနောက် ကောင်လေးက ကောင်မလေးကို အင်္ကျီချွတ်ပြဖို့တောင်းဆိုတယ်။ ကောင်မလေးက လက်ခံလိုက် တယ်။ အဲ့ဒီအချိန်မှာပဲ အောက်ထပ်က အမေဖြစ်သူက ကောင်လေးကို နေ့လည်စာစားဖို့ လှမ်းအော်တော့ ကောင်လေးလည်း အရှိန်ပျက်သွားပြီး အောက်ထပ်ဆင်းလာတယ်။ ထမင်းဝိုင်းမှာ ၀င်ထိုင်တယ်။ ထမင်းဝိုင်းမှာ ကောင်လေးအဖေ၊ အေမေနဲ့ ကောင်လေး စုစုပေါင်း သုံးယောက်။ ခဏနေတော့ ကောင်လေးရဲ့ ညီမဖြစ်သူ ထမင်းဝိုင်းမှာ လာထိုင်တယ်။ သူမရဲ့ အခန်းထဲကထွက်လာတာပဲ။ ကောင်မလေး ထမင်းဝိုင်းမှာ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကောင်လေးမျက်စိမျက်နှာပျက်သွားတယ်။ ကောင်မလေးလည်းခေါင်း ငိုက်စိုက်ကျပြီး ချက်ချင်းထ ထွက်သွားတယ်။ ဘာကြောင့်လဲဆိုတော့...

------------------- + + + --------------------



မောင်ဇော်ကြီး
www.zawtk.mmgenius.com
zawtk07@googlemail.com
Today, there have been 8 visitors (19 hits) on this page!


www.zawtk.mmgenius.com

မြန်မာစံတော်ချိန်

ဒီမှာပြောလို့ရတယ်
ဘာနေ့လဲ ဆိုတာ ကြည့်မယ်
ရောင်စုံငါးလေးတွေ အစာကျွေးမယ်

အဖြူရောင်သံစဉ်ရေဒီယို
အဖြူရောင်သံစဉ်
ကျွန်တော့ဆိုဒ်လေးသို့ရောက်လာကြသော သူငယ်ချင်းများ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်.. နောက်လည်းလာလည်ကြပါအုံးနော်... This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free