မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေ
     Home
     အင်တာနက်
     ဆောင်းပါး
     => ခေတ်လူငယ်နှင့်အင်တာနက်
     => ချစ်ရတာ...မလွယ်ပါလား
     => အချစ်ဆိုတာ..
     => Online Love!
     => တစ်ပွင့်နှင်းဆီ
     => ဘယ်ချိန်ဖုန်းဆက်မလဲ
     => ပညာသည်
     => Pay it Forward
     => မှတ်သားထားရန်
     => ကျောက်ခဲ
     => ဆူးနဲ့သစ်ပင်
     => ငွေရောင်ငှက်နဲ့ရွှေရောင်ငှက်
     => valentine day
     => ယောက်ျားနှင့် မိန်းမ
     => စိတ်အာဟာရ
     => ဘ၀မြေသြဇာ
     => စိတ်ညစ်ပျောက်ဖို့
     => ချစ်ခြင်းနှင့် ရူးသွပ်ခြင်း
     => အချစ်စစ်ရဲ့ရုပ်ပုံလွှာ
     => ဆက်သွယ်ရန်
     => ကော်ဖီတစ်ခွက်
     => Question & Answer
     => ချစ်နိုင်ပါစေ
     => ကောင်လေးနဲ့ ကောင်မလေး
     => လူငယ်၊ နှင့် အင်တာနက်ရာဇ၀တ်မှုများ
     နည်းပညာများ
     ကဗျာများ
     ဟာသများ
     ဒဿနစာစုများ
     ဓမ္မဒါန
     မြန်မာWebSiteများ
     အမှတ်တရ
     ဘလော့ Roll
     မဂ္ဂဇင်းလေးတွေ
     ကျောက်ကွင်းဝါဒပြိုင်ပွဲ
     မိုက်ကယ်ဂျက်ဆင်
     ကျန်းမာရေး
     သတင်းများ



မိုးကောင်းကင် - Question & Answer


မေးခွန်း***

၁။ အေးတဲ့အချိန်မှာ စကားပြောရင် ပါးစပ်က အငွေ့တွေ ထွက်ပါတယ်။ ဒါပေမယ့်
အရမ်းအေးတဲ့ မြောက်ဝင်ရိုးစွန်းဒေသမှာ စကားပြောရင် ပါးစပ်က အငွေ့မထွက်တာ
ဘာကြောင့်ပါလဲ?

၂။ မီးပွိုင့်မီးတွေက အလျှားလိုက်ရှိရာက တချို့နေရာတွေမှာ
ဒေါင်လိုက်မီးပွိုင့်မီးတွေ တွေ့ရပါတယ်။ အဲလို
ဒေါင်လိုက်မီးပွိုင့်မီးကို
သုံးရတဲ့အကြောင်းအရင်းက ဘာပါလဲ?

၃။ အခု ကမ္ဘာတလွှားမှာ လူကြိုက်များတဲ့ jigsaw puzzle ကစားနည်းက 1760ခုနှစ်
ပတ်ဝန်းကျင်လောက်မှာ ဥရောပမှာ စတင်ပေါ်ပေါက်ခဲ့တာပါ။ အဲဒီကာလမှာ jigsaw
puzzleကို တီထွင်သူက ရည်ရွယ်ချက်တခုအတွက် jigsaw puzzleကို
မူကြိုကျောင်းသုံးအနေနဲ့ စတင်ခဲ့ပါတယ်။ အဲဒီရည်ရွယ်ချက်က ဘာပါလဲ?

၎။ အမျိုးသမီးလေးတွေ ဖြစ်ချင်ကြတဲ့ လေယာဉ်မယ်က 1930ခုနှစ်လောက်မှာ
အနောက်နိုင်ငံက စတင်ခဲ့ပါတယ်။ အဲဒီအချိန်က လေယာဉ်မယ်ဖြစ်ဖို့အတွက်
အရည်အချင်းတွေက (၁) အသက် ၂၅နှစ်အောက်လူလွတ်ဖြစ်ရပါမယ်။ (၂)
ကိုယ်အလေးချိန်
၅၂ကီလိုအောက် ရှိရပါမယ်။ (၃) အရပ်အမြင့် ၁၆၀စင်တီမီတာအထက် ရှိရမယ့်အပြင်
နောက်အရေးကြီးတဲ့ တစ်ချက်ကျန်ပါတယ်။ အဲဒါဘာပါလဲ? (ခုနောက်ပိုင်းတော့
အဲဒီကန့်သတ်မှုမရှိတော့ပါဘူး။)

၅။ လူသားတွေရဲ့ ဆံပင်က အဖိုးတန်ပစ္စည်းတစ်မျိုးထွက်ပါ
တယ်။ အဲဒါဘာပါလဲ?

၆။ pet bottle ဆိုတဲ့ (ရေသန့်ပုလင်းလိုမျိုး) ပလတ်စတစ်ပုလင်းရဲ့
ပုလင်းအဖုံးတွေမှာ အဖုံးဖွင့်ပြီးရင် ပုလင်းလည်ပင်းအခြေမှာ ကော်အကွင်းက
ကျန်ခဲ့ပါတယ်။ အဲဒီကော်အကွင်းထားရခြင်းရဲ့ အကြောင်းက ဘာပါလဲ?

၇။ pet bottle နဲ့ ပတ်သက်တဲ့ နောက်မေးခွန်းတစ်ခုပါ။ pet bottle တွေရဲ့
ပုလင်းလည်ပင်းအရစ်ကြားမှာ ပြတ်တောက်ပြတ်တောက် ဒေါင်လိုက်လိုင်းတွေ
ရှိပါတယ်။
ဘာကြောင့်ပါလဲ?

၈။ ရေခဲခြစ်ဗူး (ဒီမှာ မြန်မာပြည်မှာလို ရေခဲခြစ်ရတယ်။ ရေခဲကိုခြစ်၊
အချိုရည်ဆမ်းပြီးသား ready madeဗူး) မှာ တခြားဗူးတွေနဲ့မတူတာက
ပလတ်စတစ်ဗူးဘေးပတ်ချာလည်မှာ အတွန့်လေးတွေပါနေတာပါ။ ဘာကြောင့်
အတွန့်တွေထည့်ထားရတာပါလဲ?

၉။ ဂျပန်နိုင်ငံရဲ့ ကျွန်းပိစိကွေးတွေက ရွာတွေတိုင်းမှာ မီးပွိုင့်တစ်ခု
အမြဲရှိပါတယ်။ ဒီလိုကျွန်းရွာမျိုး ဂျပန်မှာ ၅၀ကျော် ရှိပါတယ်။ ဒီလို
ခေါင်ဖျားတဲ့ ကျွန်းရွာတွေမှာ ယာဉ်သွားယာဉ်လာ သိပ်မရှိပါဘဲ
မီးပွိုင့်တစ်ခုရှိတာ ဘာကြောင့်ပါလဲ?

၁၀။ မမတွေ ညီမတွေ ပဲများပြီးစီးကြတဲ့ pencil heel လို ဒေါက်မြင့်ဖိနပ်တွေ
ပေါ်လာရခြင်း အကြောင်းက ဘာပါလဲ?

အဖြေ***

၁။ အေးတဲ့အချိန်မှာ စကားပြောရင်ပါးစပ်က အငွေ့ထွက်တာမြင်ရတာက
ကိုယ့်ခံတွင်းက
ထွက်လာတဲ့လေပူနဲ့ အေးမြတဲ့ ပတ်ဝန်းကျင်လေထုထဲမှာလွင့်နေတဲ့
ဖုန်အမှုန်တွေနဲ့ရောသွားတာကြောင်
့ပါ။ မြောက်ဝင်ရိုးစွန်းဒေသက လေထုက
သန့်စင်တာကြောင့် အမှုန်တွေရှိမနေပါဘူး။ ဒါကြောင့် မြောက်ဝင်ရိုးစွန်းမှာ
စကားပြောရင် ပါးစပ်က အငွေ့မမြင်ရတာပါ။

၂။ ဒေါင်လိုက်မီးပွိုင့်မီးတွေကို နှင်းကျတဲ့နေရာတွေမှာ အသုံးများပါတယ်။
အလျှားလိုက်မီးပွိုင့်က နှင်းအရမ်းကျရင် နီ၊ဝါ၊စိမ်း မီးအားလုံး
နှင်းဖတ်တွေနဲ့ဖုံးကုန်လို့ အချက်ပြမီး ဘာအရောင်ဆိုတာ မမြင်ရတော့ပါဘူး။
ဒေါင်လိုက်မီးပွိုင့်မီးက နှင်းကျရင်တောင် အပေါ်ဆုံး မီးအနီရဲ့
ခေါင်မိုးပေါ်မှာသာ အများဆုံးဖုံးတာမို့ မီးတွေကို
ကောင်းကောင်းမြင်နိုင်ပါတယ်။
ဒါကြောင့် နှင်းကျတဲ့ဒေသမှာ ယာဉ်တိုက်မှုက ကာကွယ်ဖို့အတွက်
ဒေါင်လိုက်မီးပွိုင့်မီးတွေကို သုံးပါတယ်။

၃။ jigsaw puzzle တီထွင်တဲ့ရည်ရွယ်ချက်က ကလေးတွေကို ကိုယ့်တိုင်းပြည်ရဲ့
ပုံသဏ္ဍာန်နဲ့ နယ်နိမိတ်ကို သိစေဖို့ပါ။ ဒီအတိုင်းသင်တာထက် ပုံတွေနဲ့
ဉာဏ်စမ်းလုပ်ပြီးသင်တော့ ကလေးတွေ စိတ်ဝင်စားမှုပိုရလို့ပါ။ နောက်ပိုင်း
လူကြိုက်များလာပြီး ပြင်ပအထိ ကျယ်ပြန့်သွားခဲ့တာပါ။

၎။ အဲဒီခေတ်က လေယာဉ်နဲ့ခရီးသွားသူတွေ လေထုဖိအား အပြောင်းအလဲကြောင့်
နေထိုင်မကောင်းဖြစ်ရင် ပြုစုဖို့အတွက် လေယာဉ်မယ်တွေကို မေးခွန်းပါ
အချက်(၃)ချက်အပြင် အဓိကအနေနဲ့ သူနာပြုဖြစ်မယ်ဆိုတဲ့အချက်ကို
ထည့်သွင်းခဲ့ပါတယ်။

၅။ လူသားတွေရဲ့ ဆံပင်မှာ စိန်မှာအဓိကပါဝင်တဲ့ ပါဝင်ပစ္စည်းတွေ
အများကြီးပါပါတယ်။
ဆံပင်ကို တခြား chemical တွေနဲ့ ရောပြီး ဓာတ်ပြုလိုက်ရင် ဆံပင်
တစ်ဂရမ်ကို
စိန်တစ်ကာရက် ရပါတယ်။ ဒါပေမယ့် ဓာတ်ပြုမှု အဆင့်ဆင့် ပြုလုပ်ရတာကြောင့်ရယ်
အချိန်ကြာတာကြောင့်ရယ် လက်ရှိမှာတော့ တွင်တွင်ကျယ်ကျယ် မပြုလုပ်ကြပါဘူး။
(လွယ်များလွယ်လွယ် လုပ်လို့ရရင်ဖြင့် မတွေးရဲစရာ။)

၆။ pet bottle ဆိုတဲ့ ပလတ်စတစ်ပုလင်းရဲ့ ပုလင်းအဖုံးတွေမှာ
အဖုံးဖွင့်ပြီးရင်
ပုလင်းလည်ပင်းအခြေမှာ ကော်အကွင်းကျန်အောင်လုပ်ထားတာက တကယ်လို့ ပုလင်းကို
ဖွင့်ထားပြီးသားဆိုရင် ဖွင့်ပြီးကြောင်း သိစေရန်ပါ။ ဒီအတိုင်းဆို
ဖွင့်ထားမှန်း၊ အသစ်မှန်း မသိနိုင်တဲ့အတွက် စားသုံးသူတွေ
အနောက်အပြောင်ခံရခြင်းမှ (အတွင်းက ပစ္စည်းကို ခိုးသုံးထားခြင်းမှ)
ကာကွယ်ရန်အတွက်ပါ။

၇။ ပုလင်းလည်ပင်းအရစ်ကြားမှာ ပြတ်တောက်ပြတ်တောက် ဒေါင်လိုက်လိုင်းရှိတဲ့
pet
bottle နဲ့ မရှိတဲ့ pet bottle ကို စမ်းသပ်ပြပါတယ်။ pepsi cola လို
ဂတ်စ်တွေပါတဲ့ ပုလင်းကိုဖွင့်ရင် ဒေါင်လိုက်လိုင်းရှိတဲ့ pet bottleက
ဖွင့်နေရင်းနဲ့ လိုင်းကြားကနေ ဂတ်စ်က ဖြည်းဖြည်းချင်းစိမ့်ထွက်လို့
ပုလင်းဖွင့်ပြီးသွားရင် အမြှုပ်တွေ တအားမှောက်မကျပါဘူး။
ဒေါင်လိုက်လိုင်းမရှိတဲ့ pet bottleက ပုလင်းအဖုံးအားလုံးဖွင့်ပြီးမှ အထဲက
ဂတ်စ်က အရှိန်နဲ့ကန်ထွက်လို့ အမြှုပ်တွေ အများကြီး မှောက်ကျပါတယ်။
ဒါကြောင့်
ပုလင်းအတွင်း ဖိအားများနေရင် ဖွင့်နေရင်းအရှိန်နဲ့ ကန်မထွက်အောင်၊
ဖိအားကို
စိမ့်ထွက်စေခြင်းဖြင့် ဖြည်းဖြည်းခြင်းလျှော့ချရန်အတွ
က်
ပုလင်းလည်ပင်းအရစ်ကြားမှာ ပြတ်တောက်ပြတ်တောက် ဒေါင်လိုက်လိုင်းထည့်တာပါ။

၈။ ရေခဲခြစ်စားရင် စားမကုန်ခင် ဘေးပတ်ချာလည်က တဖြည်းဖြည်း
အရည်ပျော်လာပါတယ်။
ဗြောင်ဘူးကိုသုံးရင် အလယ်က ရေခဲခြစ်က ခပ်တိုင်းချာချာလည်နေလို့
ခပ်ရခက်ပါတယ်။
ဘေးပတ်ချာလည်မှာ အတွန့်တွေပါရင် အတွန့်တွေကြား ရေခဲခြစ်က ထစ်ပြီး
ဗြောင်ဗူးလို
သိပ်မလည်တဲ့အတွက်ကြောင့်ပါ။

၉။ ယာဉ်သွားယာဉ်လာ သိပ်မရှိတဲ့ ခေါင်ဖျားဖျားရွာတွေမှာ
မီးပွိုင့်တစ်ခုရှိရခြင်းက ကလေးသူငယ်တွေ ငယ်ငယ်ကတည်းက မီးပွိုင့်ဆိုတာ
ရင်းနှီးအောင်ပါ။ တော်ကြာ မီးပွိုင့်ကိုမမြင်ဖူးတော့
ယာဉ်စည်းကမ်းလမ်းစည်းကမ်းနား
မလည်ဘဲ မြို့ပေါ်ရောက်လာရင်
ဒုက္ခတွေ့မှာစိုးလို့ပါ။
(ဒေါ်ဂွက်ထော်နဲ့ ကလေးနှစ်ယောက် မြို့ရောက်သလို)

၁၀။ ဥရောပလိုနိုင်ငံ (နိုင်ငံအသေချာမမှတ်မိပါ)မှာ ဟိုးအရင်က
ခွေးလေခွေးလွင့်တွေ
အရမ်းများပါတယ်။ လမ်းပေါ်မှာ ခွေးအီအီးတွေ သိပ်ပေါပါတယ်။ လမ်းက
ချိုင့်ခွက်တွေနဲ့ ရေအိုင်တွေလည်း များတယ်။ အဲဒီခေတ်က ကြိမ်ခွေနဲ့
ဂါဝန်ဖားဖားကြီးတွေ ဝတ်ကြတာဆိုတော့ လမ်းသွားလို့ ရေအိုင်ရှောင်ရင်း
ခွေးအီအီးတွေ ဂါဝန်အဖျားမှာ ပေကုန်တယ်။ ချေဖျားထောက်သွားရင် လွတ်တာမို့
ဖိနပ်ကို မြင့်သထက်မြင့်အောင် တီထွင်ကြရင်း pencil heelလို
ဒေါက်မြင့်ဖိနပ်တွေ
ပေါ်လာတာပါ။


  from fwd mail...


Today, there have been 2 visitors (4 hits) on this page!


www.zawtk.mmgenius.com

မြန်မာစံတော်ချိန်

ဒီမှာပြောလို့ရတယ်
ဘာနေ့လဲ ဆိုတာ ကြည့်မယ်
ရောင်စုံငါးလေးတွေ အစာကျွေးမယ်

အဖြူရောင်သံစဉ်ရေဒီယို
အဖြူရောင်သံစဉ်
ကျွန်တော့ဆိုဒ်လေးသို့ရောက်လာကြသော သူငယ်ချင်းများ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်.. နောက်လည်းလာလည်ကြပါအုံးနော်... This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free