မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေ
     Home
     အင်တာနက်
     => Gmail ပို့နည်း
     => Gmail အကြောင်း
     => Gmail Offline
     => Speed မြန်အောင်လုပ်နည်း
     => Gtalk နာမည်မကျံရစ်အောင်
     => Gtalk ဘာသာပြန်
     => Gtalk မှဖုန်းခေါ်ရအောင်
     => Gtalk နာမည်မကျန်အောင်
     => ရှာဖွေ မွှေနှောက်ခြင်း
     => iGoogle
     ဆောင်းပါး
     နည်းပညာများ
     ကဗျာများ
     ဟာသများ
     ဒဿနစာစုများ
     ဓမ္မဒါန
     မြန်မာWebSiteများ
     အမှတ်တရ
     ဘလော့ Roll
     မဂ္ဂဇင်းလေးတွေ
     ကျောက်ကွင်းဝါဒပြိုင်ပွဲ
     မိုက်ကယ်ဂျက်ဆင်
     ကျန်းမာရေး
     သတင်းများ



မိုးကောင်းကင် - ရှာဖွေ မွှေနှောက်ခြင်း



အင်တာနက်ကို ရှာဖွေ မွှေနှောက်ခြင်း

အင်တာနက် သုံးစွဲသူများဟာ ကိုယ်လိုချင်တဲ့ အချက်အလက် ရဖို့ Search Engine တွေမှာ အများဆုံး ရှာဖွေ ကြပါတယ်။ အဲဒီလိုရှာရာမှာ တခါတရံမှာ ကိုယ်လိုချင်တဲ့ အချက်အလက်ကို SE (Search Engine) က ရှာပေးရာမှာ စိတ်တိုင်းကျတဲ့ ရလဒ်မျိုး မရရှိတတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူရဲ့ ရလဒ် ကို ရှာဖွေ ပေးတာက လူမဟုတ်ပဲ Web Spider (Web Crawler, Web Robot) ဆိုတဲ့ program လေးက ရှာဖွေ ပေးလို့ပါ။ သူက ဘယ်လို ရှာပေးလဲဆိုတော့ ကိုယ်ရိုက်ထည့်လိုက်တဲ့ query (ရှာလိုတဲ့ စာသား) ပါတဲ့ Site တွေ မှန်သမျှကို လိုက်ရှာပြီး result ပြပေးခြင်း ကြောင့်ပါ။

ဒါကြောင့် တခါတရံမှာ ကိုယ်ရှာတဲ့ အကြောင်းအရာ query ကို စာသား အကြောင်းအရာနဲ့ ဆိုင်တဲ့ အချက်အလက် တစ်ကြောင်းနှစ်ကြောင်းလောက်သာ ပါဝင်တဲ့ site တွေပါ result မှာ တွေ့ရမှာပါ။ ဒီလိုရလဒ်မျိုးတွေထက် ပိုပြီးတိတိကျကျရှာဖွေ ချင်တယ်ဆိုရင်တော့ Advanced Web Search ကိုသုံးပြီး ရှာနိုင်ပါတယ်။ ဒီလို Advanced Web Search ကို နာမည်ကျော် Search Engine တော်တော်များများမှာ ၀န်ဆောင်မှုပေးထားပါတယ်။ ဥပမာ - Google ရဲ့ Google Advanced Web Search Form ကို ဖြည့်၍ ရှာခြင်းဖြင့် လိုချင်တဲ့ အချက်အလက်ကို တိတိကျကျ ရှာလို့ရပါတယ်။

တချို့ အကြောင်းအရာတွေ ဥပမာ Music, Game, Sports & Travel စတဲ့ အရှာများတဲ့ အကြောင်းအရာတွေကို ရှာဖွေရာမှာ စိတ်တိုင်းကျ ရလဒ်မျိုး မရခဲ့ရင်တော့ Topic တူ အကြောင်းအရာ တူတွေ စုစည်းပေးထားတဲ့ Topic Directory ကနေ ရှာဖွေတာက ပိုကျေနပ်ဖို့ ကောင်းပါလိမ့်မယ်။ ဒီလို Directory Search ကို နာမည်ကျော် Search Engine တွေမှာ ရရှိနိုင် ပါတယ်။ သူ့ကို Topic Directory, Category List, an Index, Directory စသည်ဖြင့် ခေါ်ဝေါ် ကြပါသေးတယ်။

Search Engine တွေမှာ ဒီလို Directory Search တွေအပြင် File Extension နဲ့ ကိုယ်လိုချင်တဲ့ ဖိုင် အမျိုးအစား တွေကိုလည်း ရှာလို့ ရနိုင် ပါတယ်။ ဥပမာ ကိုယ်က mp3 ဖိုင် ရှာချင်တယ် ဆိုပါစို့ index of mp3 လို့ ရိုက်ထည့်ပြီး ရှာလိုက်လို့ ရပါတယ်။ ဒါဆိုရင်သူက mp3 ဖိုင် ရနိုင်တဲ့ ဆိုဒ်တွေကို လာပြပေးမှာပါ။ ဆိုဒ်ကို ကလစ် နှိပ်လိုက်ရင် သူကဆိုဒ်ရဲ့ Directory ကို ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို mp3 ဖိုင် အပြင် တခြား wma, mov, exe စသည်ဖြင့် ကိုယ်ရှာလိုတဲ့ ဖိုင် extension ကို index of နောက်မှာ ထည့်ရှာလို့ ရပါတယ်။ ဖိုင် extension အမျိုးအစား အများကြီးကို တခါထဲ တန်းရှာချင်တယ် ဆိုရင်တော့ ဥပမာ - index of (wmv|mov|mp4|mpg|avi) ဆိုပြီး ရှာချင်တဲ့ extension တွေကို | လေးခြားပြီး ရှာနိုင်ပါတယ်။



သီချင်း ကြိုက်သူများ အတွက်ကတော့ Search Engine ကို အသုံးချစရာ နည်းလမ်းတွေ ရှိပါသေးတယ်။ နောက်ဆုံးထွက် latest သီချင်းတွေကို ရှာချင်တယ် ဆိုရင်တော့ ဒီကုဒ်လေးသုံးပြီး ရှာလို့ရပါတယ်။
-inurl:htm -inurl:html intitle:"index of" "Last Modified" mp3 လို့ ရိုက်ထည့်ပြီး သီချင်း အသစ် တွေကို ရယူနိုင် ပါတယ်။ mp3 မဟုတ်ပဲ တခြားဖိုင် လိုချင်ရင်လည်း mp3 နေရာမှာ လိုချင်တဲ့ ဖိုင် extension ကို ရိုက်ထည့်ပြီး နောက်ဆုံး update လုပ်ထားတဲ့ ဖိုင်တွေ ရနိုင် ပါတယ်။ သီချင်းဖိုင်ကို သီချင်းနာမည် ဒါမှမဟုတ် သီချင်းဆိုသူ အမည်နှင့် ရှာချင်တယ် ဆိုရင်တော့ -inurl:htm -inurl:html intitle:"index of" mp3 "guns n roses" ဒီကုဒ်ကို အသုံးပြု ရှာနိုင် ပါတယ်။ အဲဒီ ကုဒ်ရဲ့ နောက်ဆုံး mp3 နောက်က ကွင်းထဲမှာ ကိုယ်ရှာချင်တဲ့ သီချင်းနာမည် ဒါမှမဟုတ် အဆိုတော် နာမည်ကို ပြောင်းထည့်ပြီး ရှာရုံပါပဲ။ ဒီလို ရှာခြင်းအားဖြင့် ဆိုဒ်ရဲ့ Directory ကို တိုက်ရိုက် ရောက်တာ ဖြစ်တာကြောင့် တခါတရံ Access Denined ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အားသာချက်က virus တွေ spyware တွေ မကပ်နိုင်ပါဘူး။

နောက် Search Engine ကို လူသိနည်းတဲ့ အသုံးချစရာ နည်းလမ်း တွေလည်း ရှိပါသေးတယ်။ ဒါကတော့ Search Operators တွေကို သုံးပြီးရှာခြင်းပါ။ ဒီ Search Operators တွေကို နာမည်ကျော် Search Engine တော်တော် များများမှာ အသုံးချနိုင်ပါတယ်။ Search Operators တွေက query မှာ ပါတဲ့ စကားလုံး တွေကို တွဲဆက် ပေးပါတယ်။ ဒီ Operators တွေ အကြောင်းကို Search Engine တွေရဲ့ Help pages တွေမှာလည်း ဖတ်ရှုနိုင် ပါတယ်။ Search Operators ၇ မျိုးရှိပါတယ်။ အဲဒါတွေကတော့ -
1. AND
2. OR
3. NOT
4. Quotation Marks
5. NEAR
6. Wildcards
7. Field Searches ဆိုတဲ့ ၇ မျိုးပါ။

1. AND (+)
ဒီကုဒ်ကို ရှာလိုတဲ့ query နှစ်ခုလုံးပါတဲ့ result မျိုး လိုချင်ရင် သုံးပါတယ်။ ဥပမာ - railroad AND cars လို့ ရှာမယ် ဆိုရင် ရမယ့် result က railroad cars တွေ အကြောင်း၊ railroad cars တည်ဆောက်ပုံ အကြောင်း၊ railroad မှာ လမ်းချော်တဲ့ cars တွေ အကြောင်း စတဲ့ railroad နဲ့ cars ဆိုတဲ့ စာသားပါတဲ့ စာမျက်နှာ တွေကို ပြပေးမှာ ဖြစ်ပါတယ်။ ဒီကုတ်ကို ရေးတဲ့ အခါမှာ Operator သုံးရင် AND ကို အားလုံး အကြီးစာလုံးနဲ့ ရေးရပါမယ်။ ဒါ့အပြင် AND အစား ( + ) သင်္ကေတ အစားသုံးလို့ရပါတယ်။

2. OR
ဒီကုဒ် သုံးပြီး ရှာမယ် ဆိုရင်တော့ တစ်ခု မဟုတ် တစ်ခု လိုချင်တဲ့အခါ သုံးနိုင် ပါတယ်။ ဥပမာ - railroad OR cars လို့ ရှာလိုက်ရင် ရလဒ်က railroad ပေါ်က cars အကြောင်း ဖြစ်ချင် ဖြစ်မယ်၊ ဒါမှမဟုတ် railroad အကြောင်း ပဲပါတာမျိုး ဖြစ်ချင်ဖြစ်မယ်၊ cars အကြောင်းချည်းပဲ ပါတဲ့ စာမျက်နှာမျိုး တနည်းအားဖြင့် query နှစ်ခုထဲက တစ်ခုခု ပါရင်ကို ရလဒ် လာပြပေးမှာ ဖြစ်ပါတယ်။ သူ့ကိုလည်း ရေးတဲ့အခါ OR ဆိုပြီး အကြီးနဲ့ပဲ ရေးရပါမယ်။

3. NOT (-)
ဒီ Operator ကိုတော့ မလိုချင်တဲ့ စာသားမျိုး မပါအောင် ရှာတဲ့နေရာမှာ သုံးပါတယ်။ ဥပမာ - railroad NOT cars ဆိုရင် Search Engine က railroad ဆိုတဲ့ စာသားပါပြီး cars ဆိုတဲ့ စာသားမပါတဲ့ စာမျက်နှာ တွေကိုသာ ရှာဖွေပေးမှာ ဖြစ်ပါတယ်။ ဒီ Operator ကို သုံးရင် မပါစေချင်တဲ့ စာသားကို NOT နောက်မှာ ထည့်ရပါမယ်။ Operator ကို လည်း NOT ဆိုပြီး အကြီးစာလုံးနဲ့ ရေးရပါမယ်။ NOT မရေးဘဲ ( - ) ဆိုတဲ့ သင်္ကေတလေး နဲ့ လည်းသုံးလို့ ရပါတယ်။

4. Quotation Marks
ဒီ Operator ကတော့ ရိုးရှင်းပါတယ်။ ရှာလိုတဲ့ query ကို ( "" ) လေးထည့်ပေးခြင်းပါ။ ဥပမာ - "green card" လို့ ရိုက်ထည့်ပြီး ရှာရင် သူက Immigration အချက်အလက်တွေ အကြောင်း ပြပေး မှာပါ။

5. NEAR
ဒီ Operator ကိုတော့ ရှာလိုတဲ့ keyword နှစ်ခုရဲ့ အကွာအဝေးနဲ့ ရှာတဲ့နေရာမှာ သုံးပါတယ်။ သုံးတဲ့နေရာမှာ NEAR နောက်ကပ်ရပ်မှာ / သင်္ကေတ ထည့်ပြီး သုံးရ ပါမယ်။ ဥပမာ - library NEAR/15 congress ဆိုရင် ရလဒ်က library နဲ့ congress ဆိုတဲ့ စာသား နှစ်ခု စကားစု ၁၅ စု အတွင်းမှာ ရှိနေတဲ့ စာမျက်နှာ တွေကို ပြပေးမှာပါ။ Library Of Congress ဒါမှမဟုတ် Congress funds special library research လိုမျိုး စကားစု ၁၅ လုံးအတွင်းမှာ ရှိတဲ့ စာမျက်နှာ တွေ ပြပေး မှာပါ။ အဲဒီ ဥပမာ ပြထားတဲ့ ၁၅ ဆိုတဲ့နေရာမှာ လိုချင်တဲ့ အကွာအဝေး ထည့်ပြီး ရှာနိုင်ပါတယ်။ သူ့ကိုလည်း အားလုံး စာလုံး အကြီးနဲ့ ရေးရပါမယ်။

6. Wildcards ( * )
Asterisk ( * ) လို့ခေါ်တဲ့ ကြယ်ပုံ သင်္ကေတလေးရဲ့ တခြား အမည်က wildcard character လို့ခေါ်ပါတယ်။ ဒီ Operator ကိုတော့ အဓိပါယ် ဆင်တူတဲ့ စာသားမျိုးတွေ ရှာရင် သုံးပါတယ်။ ဥပမာ - medic* ဆိုရင် result က medic, medics, medicine, medical, medication နဲ့ medicinal စတဲ့ medic နဲ့ဆင်တူတဲ့ စာသားပါတဲ့ စာမျက်နှာတွေ ရှာပေးမှပါ။

7. Field Searches
ဒီ Operator ကိုတော့ စာမျက်နှာရဲ့ title ဒါမှမဟုတ် URL မှာ ပါတဲ့ စာသားကို ရှာဖို့ သုံးပါတယ်။ ဥပမာ - T:Computer ဆိုရင် Web page ရဲ့ Title မှာ ဒါမှမဟုတ် URL မှာ Computer ဆိုတဲ့ စကားလုံးပါတဲ့ စာမျက်နှာ တွေကို ပြပေး မှာပါ။ ရှာချင်တဲ့ keyword ရှေ့မှာ T: ဆိုတဲ့ စာသား ရေးလိုက်ရုံ ပါပဲ။ ဒီလို T: နဲ့ Title အလိုက် ရှာတာအပြင် အခြား ကုဒ်တွေကို Code Search မှာ ကြည့်ရှုနိုင် ပါတယ်။

ဒီလိုဆိုရင်တော့ Search Engine တွေကို ကောင်းကောင်း အသုံးချလို့ ရလောက်ပြီလို့ ထင်ပါတယ်။ Search Engine တွေမှာ အထက်ကလို Operators တွေ အပြင် ရိုးရှင်းတဲ့ မေးခွန်းတွေကို သုံးပြီး ရှာလို့ရ ပါတယ်။ ဥပမာ - movie + review လို့မရှာပဲ Where can I find music reviews? လို့ ရိုက်ပြီး ရှာနိုင် ပါတယ်။ လူသိများတဲ့ Search Engine အချို့ကတော့ -
  • Google
  • Yahoo!!
  • msn
  • Ask
  • All The Web
  • Lycos
  • Gahoo Yoogle (Yahoo!!+ Google)
  • Dog Pile (Yahoo!! + Google + msn + Ask)
  • Baidu (Chinese Search Engine)

  • ဒီ ပို့စ် အတွက်
  • www.course.com
  • www.google.com
  • www.wikipedia.org
  • ကိုညီလင်းဆက် ရဲ့ mp3 search code ပို့စ်
  • www.pcworld.com
  • တီချယ် ချယ်ရီ ရဲ့ ကျောင်းသင်ခန်းစာများ
  • Computer Journal မှ What's next for Google? တို့ကို မှီငြမ်းပါသည်။

  • Post From tayzar44.blogspot.com


    Today, there have been 26 visitors (34 hits) on this page!


    www.zawtk.mmgenius.com

    မြန်မာစံတော်ချိန်

    ဒီမှာပြောလို့ရတယ်
    ဘာနေ့လဲ ဆိုတာ ကြည့်မယ်
    ရောင်စုံငါးလေးတွေ အစာကျွေးမယ်

    အဖြူရောင်သံစဉ်ရေဒီယို
    အဖြူရောင်သံစဉ်
    ကျွန်တော့ဆိုဒ်လေးသို့ရောက်လာကြသော သူငယ်ချင်းများ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်.. နောက်လည်းလာလည်ကြပါအုံးနော်... This website was created for free with Own-Free-Website.com. Would you also like to have your own website?
    Sign up for free