မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေ
     Home
     အင်တာနက်
     ဆောင်းပါး
     နည်းပညာများ
     ကဗျာများ
     ဟာသများ
     ဒဿနစာစုများ
     ဓမ္မဒါန
     => ဓမ္မလက်ဆောင်
     => ဗုဒ္ဒဘာသာငါးမျိုး
     => Just Do It.
     => ကယ်တင်ရှင်အစစ်
     => လွပ်လပ်သောနိဗ္ဗာန်
     => မဟာသမယသုတ်
     => Knowledge
     မြန်မာWebSiteများ
     အမှတ်တရ
     ဘလော့ Roll
     မဂ္ဂဇင်းလေးတွေ
     ကျောက်ကွင်းဝါဒပြိုင်ပွဲ
     မိုက်ကယ်ဂျက်ဆင်
     ကျန်းမာရေး
     သတင်းများ



မိုးကောင်းကင် - Just Do It.


 Alaways  Makes Against  To Man Mind  ( 35 )

  မျက်စိကို အသာလေးမှိတ်ထားပါ ခါးကို မတ်မတ်ထားပါ ခေါင်းကိုမတ်မတ်ထားပါ။ တစ်ကိုယ် လုံးမှာရှိတဲ့အကြောတွေကိုလျော့ထားပါ။အံမကြိတ်နဲ့ မာန်မတင်းနဲ့ မျက်မောင်မကုပ်နဲ့ ဘာမှလုပ်စရာ မရှိပါဘူး။ လူသားတစ်ယောက်အနေနဲ့ လုပ်နေတဲ့အလုပ်တွေက ဘာမှအဓိပ္ပာယ်မရှိပါဘူး။ လက်ခံပြီးလုပ် နေရမှာ မဟုတ်ပါဘူး။ ဆန့်ကျင်နေရမှာပါ ။ ကိုယ့်စိတ်ကို ဆန့်ကျင်နေရမှာပါ။ စိတ်အလိုကို မလိုက်ရပါ ဘူး။ ပထမအဆင့်မှာ သဘောလေးသက်သက်အဖြင့်ကို ခံယူပြီးတော့မှ သားပဲ သမီးပဲ တပည့်ပဲ ညီပဲ အစ် ကိုပဲ မောင်ပဲ ညီမပဲ ဆိုတဲ့ သူငယ်ချင်းပဲဆိုတဲ့ မိဘဆရာသမား ညီအစ်ကိုမောင်နှမ သူငယ်ချင်းတွေရဲ့ စိတ်ကိုဆန့်ကျင်ရပါမယ်။ သူတို့နေစေချင်သလို မနေရဘူး။ သူများအလိုမလိုက်ရဘူး။ မိဘနေစေချင်သ လို သားသမီးလို မနေရဘူး။ စိတ်ထဲမှာ မခံယူရဘူး။မိဘသားပဲ သမီးပဲ စွဲနေသလို၊ ကိုယ်ကလဲ အဖေပဲ အမေပဲ စွဲမနေရဘူး။ လင်ဘဲ မယားပဲ စွဲနေသလို ကိုယ်ကလည်း စွဲမနေရဘူး။ဆရာက တပည့်ပဲ ဆိုပြီးစွဲ နေသလို ကိုယ်ကလည်းဆရာပဲ ဆိုပြီးစွဲမနေရဘူး။ သူငယ်ချင်းကလည်း သူငယ်ချင်းပဲ ဆိုပြီးစွဲနေသလို ကိုယ်ကလည်းစွဲမနေရဘူး။ သူပဲ ကိုယ်ပဲ ဆိုပြီးမှ စွဲနေသလို သူတို့စွဲသလို ပြန်ပြီးတော့မစွဲရဘူး။ ကိုယ်လို သူလို မကျင့်ရဘူး။ မိဘလက်ခံစေချင်သလို ကိုယ့်ကိုကိုယ် သားသမီးလို့ လက်ခံမနေရဘူး။ စိတ်ထဲမှာ မထားရဘူး။ ကိုယ်ကိုကိုယ့် ဖြစ်ရုံသက်သက်လေးအဖြစ် သဘောလေးသက်သက်အဖြစ်သာ လက်ခံရပါ မယ်။ မိဘရိုးရာ အမွေကိုစွန့်ပြီးတော့မှ ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေရဲ့ အမွေကို ဆက်ခံရပါမယ်။ စိတ် ကလေးနဲ့ ဆက်ခံရပါမယ်။ စိတ်ထားပြောင်းရပါမယ်။နာမည်ပြောင်းရတာမဟုတ်ဘူး။ ဘုန်းကြီးပဲ ၊ သီလ ရှင်ပဲ ၊ ယောဂီ ပဲဆိုပြီး ကိုယ်လုပ်နေကြ နာမည်ခံ မဟုတ်ဘူး။ ကိုယ်ကိုကိုယ့် သဘောလေးသက်သက် အဖြစ်ခံယူရပါမယ်။ ကြားရင်လည်း ကြားရုံသက်သက်သဘောလေးကိုသာ ဂရုစိုက်ပါ။ ပြောတဲ့လူက ဘာပဲ ညာပဲ သိစေချင်သလို ပြောတဲ့လူရဲ့ အလိုကို လိုက်မနေရဘူး။ မြင်တဲ့ အဆင်းလေးက အမြင်ခံရတဲ့ လူက ယောက်ျားပဲ မိန်းမပဲ သိစေချင်သလို အမြင်ခံရတဲ့ လူရဲ့ အလိုလိုက်ပြီးတော့မှ ယောက်ျားပဲ မိန်းမ ပဲ သိမနေရဘူး။ သဘောလေးသက်သက်ပဲလို့ ဘုရားအလိုကိုလိုက်ရမယ်။ မိဘအလိုလိုက်ရင် ကိုယ့်မိဘလို ပဲ ပူနေရမှာပေါ့။ မိဘရဲ့ အပူကို ဆက်ခံနေရမှာပေါ့ ။ မိဘရဲ့ လောဘ ဒေါသ မောဟ အမွေတွေကို ဆက်ခံနေရမှာပေါ့။ ဆရာ့အလို လိုက်နေရင် ဆရာ့ရဲ့ လောဘ ဒေါသ မောဟ အမွေတွေကို ဆက်ခံနေရ မှာပေါ့ ။ တပည့် အလိုလိုက်ရင်လည်း တပည့်ရဲ့ အလိုကို ဆက်ခံနေရမှာပေါ့ ဦးဇင်းတို့လည်း ဘယ်သူ့အ လို လိုက်ပြီးတော့မှ ဘယ်သူဟောစေချင်တာကိုမှ ဟောနေတာ မဟုတ်ဘူး။ ဘုရားဟောစေချင်တာပဲ ဟောနေတာပဲ။ စိတ်က လေ့ကျင့်ပေးတော့ ဘုရား တရား သံဃာရဲ့ အလိုကလွဲရင် ဘာမှ မလိုက်တတ်တဲ့ အကျင့်ဖြစ်သွားတယ်။ မိဘက အဖေပဲ အမေပဲ ဆိုပြီး ဂရုစိုက်စေချင်သလို ဂရုမစိုက်တော့ဘူး။ မိဘဂရု စိုက်နေရင် ဘုရားအစစ်ကို ဂရုစိုက်လို့ ရမှာ မဟုတ်တော့ဘူး။ မိဘ အလိုလိုက်နေရင် မိဘ အလိုပူနေရ မှာပဲ မိဘရဲ့ နာမည်ခံ မိသားစုတာဝန်တွေကို ဂရုစိုက်မနေရဘူး။အဲဒီတော့ အလေ့အကျင့်လုပ်ပါ။ လောက ကို ဆန့်ကျင်တဲ့ အလေ့အကျင့်လုပ်ပါ။ အများစုကိုဆန့်ကျင်တဲ့ အလေ့အကျင့်လုပ်ပါ။ အနည်းစုကို ဆန့် ကျင်မနေပါနဲ့။ အမြဲတမ်း ကိုယ်က အများနဲ့ ပေါင်းပြီး အနည်းကိုဆန့်ကျင်တာ အကျင့်ပါနေတော့ အမှန် တရားက ဘုရားတည်းဟူသော တစ်စုတည်းသော အနည်းစုနဲ့ပေါင်းပြီးတော့မှ ကိုယ်လိုသူလို အများစု တွေကိုဆန့်ကျင်ရမယ်။ ဘုရားနဲ့ပေါင်းပြီး မိဘ ဆရာ သမား ဆွေမျိုး ညီ အစ်ကို မောင်နှမတွေ ကိုယ့်ကို ကိုယ်ကိုပါ ဆန့်ကျင်ရမယ်။ ကြားရင် ကြားရုံသက်သက်သဘောလေးကို ပဲ ဂရုစိုက်ရမယ်။ ဘာပြောတယ် ညာပြောတယ် ဆိုတာတွေကို ဂရုမစိုက်ရဘူး။ မိဘစကားနားထောင် ဆိုတာတွေ ဆရာသမားစကား နား ထောင်ဆိုတာတွေ ဘေးချိတ်ထားလိုက်တော့ ဒါ ဘုရားစကားနားထောင်ရင် မိဘအပေါ်မှာလည်း တာဝန် ကျေပြီးသား ဘုရားမှ မိဘအစစ်ပါပဲ  ဘုရားမှ မိဘ အစစ်ပါပဲ ဘုရားမှ ဆရာသမားအစစ်ပါပဲ ဘုရားမှ သူငယ်ချင်းအစစ်ပါပဲ ဘုရားမှ ဆွေးမျိုးအစစ်ပါပဲ။ ကိုယ့်အကျိုးစီးပွားအစစ်ကို လိုလားတဲ့ ဆွေးမျိုးအစစ်ပါ ပဲ ၀င်လေထွက်လေ ထင်ရှားရင်လည်း ၀င်လေထွက်လေနဲ့ နှာသီးဖျားနဲ့ ထိခိုက်လို့ပေါ်လာတဲ့ ထိဆဲ ထိ ဆဲ သဘောလေးသက်သက်ကိုပဲ တိုက်ရိုက်သိနေရမယ်။ ၀င်တယ် ထွက်တယ် ရှုတယ် ရှိုက်တယ် ထိတယ် သိတယ် ဆိုတဲ့ လောကီအလိုကို လိုက်မနေရဘူး။ ယောဂီ အများစုက ဒီလိုပဲသိနေတာပဲ။ အဲ ထုံး တမ်းစဉ်လာလည်း ချိုးမှ ဦးဇင်းတို့ မချိုးနိုင်ရင် ဒီလိုပြောလို့မရဘူး။ မစွန့်နိုင်ရင် ဆုပ်ကိုင်ထားရမှာ ပဲ ယောက်ျားပဲ ဆိုတဲ့ အစွဲကို မစွန့်နိုင်ရင် ယောက်ျားလိုပဲ နေရုံပဲရှိမှာပဲ။ ဘုန်းကြီးဖြစ်လာစရာလည်းမရှိဘူး။ စီးပွားရေးသမားဆိုတဲ့အစွဲကို မစွန့်နိုင်ရင် စီးပွားရှာနေရုံပဲ ရှိမှာပဲ။ ဘာတရား ညာတရားကြီးဆိုတာ စွဲနေ ရင် ဘာပဲ ညာပဲဆိုပြီး ပြောနေရုံပဲရှိမှာပဲ။ ဘာတွေညာတွေမဟုတ်တာကို ပြောလို့မရဘူး။ ဘာပဲဆိုရင် ညာပဲနဲ့ပြိုင်နေရအုံးမယ်။ ဘယ်သူဆိုရင် ဘယ်ဝါနဲ့ ပြိုင်နေရုံပဲ။ ဆရာပဲဆိုရင် ဆရာချင်းပြိုင်နေရုံရှိတော့ မယ်။ ကျောင်းသားပဲဆိုရင် ကျောင်းသားချင်းပြိုင်နေရုံပဲ ရှိတော့မယ်။ ယောဂီဆို ယောဂီချင်းပြိုင်နေရုံပဲ။ ဘာမှမဟုတ်ဘူးဆိုတော့ ပြိုင်ဘက်ကင်းသွားတယ်။ အဲဒီတော့ ဘာမှမဟုတ်တာကို လက်ခံနိုင်ဘို့ ဘာကို မှလက်မခံဘဲ နေနိုင်ဘို့ စိတ်ထဲမှာ ဘာမှမထားဘို့ ဦးဇင်းတို့ ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာပဲဆိုရင် ဘာသာ ခြားတွေနဲ့ ပြိုင်နေရမှာပေါ့။ ခရစ်ယာန်တွေလို လူတွေကို အကောင်လိုက် ဘာသာပြောင်းတဲ့အလုပ်တွေ သာ လူ လုတဲ့အလုပ်တွေသာ ဘာသာလုတဲ့ အလုပ်တွေသာ နာမည်ပြောင်းတဲ့အလုပ်တွေသာ လုပ်နေရ မှာပေါ့။ မိုးကုတ်တရားပဲဆိုရင် တခြားတရားတွေနဲ့ မိုးကုတ်မဟုတ်တဲ့တရားတွေနဲ့ အပြိုင်အဆိုင်ဖြစ်နေရ မှာပေါ့။ ဘုရားကတော့ ဘယ်သူနဲ့မှ ပြိုင်နေတာမဟုတ်ဘူး။ ဦးဇင်းတို့က ဘုရားလမ်းစဉ်လိုက်ပြီးတော့မှ ဘယ်သူနဲ့မှ မပြိုင်ဘူး။ ကိုယ့်ကိုကိုယ်ပဲ ပြိုင်တယ်။ အတိတ်ကစိတ်ကို ပစ္စုပ္ပန်စိတ်နဲ့ပြိုင်တယ်။ ပစ္စုပ္ပန် စိတ်ကို အနာဂတ်စိတ်နဲ့ပြိုင်တယ်။ အာရုံတွေပေါ်နေတယ်ဆိုရင်လည်း ပေါ်ရုံသက်သက် သဘောလေးကို တိုက်ရိုက်သိနေပါ။ ဘာပဲညာပဲမသိနဲ့။ အာရုံတွေက သိစေချင်တဲ့အတိုင်း သရဲပဲ သစ္ဆေပဲ ဘီလူးပဲ ဘယ်သူ ဘယ်ဝါပဲ ဒီလိုမသိနဲ့။ ဘာလဲဆိုတော့ ဖြစ်ရုံသက်သက်လေးပဲ။ တစ်ခုခုသိလည်း သိရုံသက် သက်လေးပဲ။ သူများစိတ်နဲ့ မတူစေနဲ့။ သိတယ်ဆိုရင် သူများလည်း သိတယ်ဆိုတဲ့ စကားလုံးကို သူများ စိတ်ကလည်း သုံးနေရင် ကိုယ်လည်းသိတယ်ဆိုတဲ့ စကားလုံးသုံးနေရင် ဒါ စိတ်ချင်းတူနေပြီ အများ အလို မလိုက်နဲ့။ ဦးဇင်းတို့ အများအလိုလိုက်နေရင် အများမသိတဲ့ အခုလိုသိလာစရာ အကြောင်းမရှိတော့ဘူး။ အများမလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်နိုင်စရာ အကြောင်းကိုမရှိတော့ဘူး။ အာရုံတွေပေါ်နေတယ်ဆိုရင် လည်း ပေါ်ရုံသက်သက် နဖူးထက်မှာ စိတ်ရောက်နေတယ်ဆိုရင်လည်း သိရုံသက်သက် သဘောလေးကို တိုက်ရိုက်သိပါ။ နှလုံးသားမှာဖြစ်ဖြစ် ဗိုက်မှာဖြစ်ဖြစ် စိတ်ရောက်နေတယ်ဆိုရင်လည်း လှုပ်ရုံသက်သက် သဘောလေးကို တိုက်ရိုက်သိနေပါ။ လှုပ်တယ်ဆိုတဲ့ စကားလုံး ပညာတ်မပါစေနဲ့ သူများစိတ်နဲ့ မတူစေ နဲ့ ဒါဘုရားဆိုတာ သူများနဲ့တူနေရင် ပုထုစဉ်ပဲ ဖြစ်နေမှာပေါ့ ။ ကိုယ်လိုသူလိုပဲဖြစ်နေမှာပေါ့ သူများနဲ့ မတူလို့ ဘုရားဖြစ်သွားတာ။ ကိုယ်လိုသူလိုစိတ်ကို စွန့်နိုင်လို့ စားချင် ၀ါးချင် ပြောချင် ဆိုချင် လုပ်ချင် ကိုင်ချင် ကြမ်းချင် ရမ်းချင် နုချင် ရွချင် အမျိုးမျိုးအရေခြုံချင်တဲ့ စိတ်တွေကို ဆန့်ကျင်နိုင်လို့ အမှန်အကန် ဘုရားစစ်စစ်ဖြစ်တာ။ ဝေဒနာတစ်ခုခံစားနေရတယ်ဆိုရင်လည်း ဖြစ်ရုံ ခံစားရုံ သက်သက်သဘောလေးကို သာ တိုက်ရိုက်သိနေပါ။ နာတယ်ကျင်တယ် ကိုက်တယ် ခဲတယ် မူးတယ် မောတယ် ဆိုတဲ့ လူမမာသိ မသိ နဲ့။ လူမမာတွေကို copy မကူးနဲ့။ သားပဲ သမီးပဲဆိုတာ မိဘရဲ့စိတ်ကို copy ကူးထားတာ။ ကုလားပဲ တရုတ်ပဲ ဗမာပဲဆိုတာ ကိုယ်နဲ့အစွဲတူတဲ့ လူမျိုးတွေရဲ့စိတ်ကို copy ကူးထားတာ။ ယောက်ျားပဲဆိုတာ ကိုယ့် အဖေကို copy ကူးထားတာ။ မိန်းမပဲဆိုတာ ကိုယ့်အမေကို copy ကူးထားတာ။ ဘုရား မဟုတ်တာတွေကို copy ကူးနေတဲ့ အလုပ်တွေကို စွန့်လွှတ်။ အဲဒါ ဘုရားဖြစ်သွားလိမ့်မယ်။ ဘုရားသိတဲ့အသိကို သိသွား လိမ့်မယ်။ ဘုရားကို copy ကူးလိုက်ရင် ဘုရားရဲ့ တပည့်ဖြစ်သွားလိမ့်မယ်။ သံဃာအစစ်ဖြစ်သွားလိမ့်မယ်။ မိဘကို copy ကူးနေလို့ သားတွေ သမီးတွေဖြစ်နေတာ။ ဒါ ပထမအဆင့်မှာတည်းကိုက လူတွေ အကုန်လုံးကို ဆန့်ကျင်ပြီးတော့မှ ယောဂီတွေကိုပါ ဆန့်ကျင်ပြီး တော့မှ ဘယ်လိုမှ တရား ဟိုလိုမှတရားဆိုပြီးတော့ ဆိုတာတွေကို ကိုယ့်စိတ်ထဲက အကုန်ဆန့်ကျင်ပြီး တော့မှ ဖြစ်ရုံသက်သက်ကလေးမှ သဘောပရမတ်ကလေးမှ တရားပဲဆိုပြီး ဘုရားအစစ်ကို လက်ခံလိုက် ဦးဇင်းပြောတာကို တရားလုပ်မနေနဲ့ ကိုယ့်စိတ်ထဲပေါ်နေတာတွေကို တရားလုပ်လိုက် တရားပဲဆိုပြီး ရှာချင်မနေနဲ့ ရှာချင်နေတဲ့စိတ်ကိုက တရားပဲလို့ လက်ခံလိုက် ပဋိစသမုပ္ပ စက်ဝိုင်းကြီးဂရုစိုက် မနေနဲ့ တော့ အပြင်ဘက်က စက်ဝိုင်းကြီး ဂရုစိုက်မနေနဲ့တော့ ကိုယ့်မှာဖြစ်နေတဲ့စိတ်တွေက ပဋိစသမုပ္ပ ဆိုပြီး ပညတ် ကနေ ပရမတ်ကို ဦးလှည့်လိုက်တော့ လေ့ကျင့်နေရာကနေပြီးတော့မှ ပြိုင်ပွဲဝင်လိုက်တော့ ဖြစ်ရုံ သက်သက် သဘောလေးကိုသာ တိုက်ရိုက်သိနေလိုက်တော့ တကယ့် ပဋိစသမုပ္ပ အစစ်ကို  လက်ခံလိုက် တော့ တစ်ဖျက်ဖျက်နဲ့ ဖြစ်နေတာလေးတွေက စိတ် ပဋိစသမုပ္ပ ပါပဲ အဲဒါကို လက်ခံလိုက်တော့ သတ္တိရှိ ပါ စာကျက်ရတာ ကြောက်စရာမကောင်းလှပေမဲ့ စာမေးပွဲဖြေဖို့ကျတော့ ကြောက်စရာကောင်းသလိုပေါ့  လူတွေက စာကျက်တဲ့အလုပ်တာလုပ်နေတယ် စာမေးပွဲ မဖြေချင်ဘူးဖြစ်နေတယ်။ ပညတ်တရားသာ သိချင်နေတယ် တကယ့်ပရမတ်တရားအစစ်ကျတော့ လက်မခံနိုင်ဘူးဖြစ်နေတယ်။ စစ်ရေးသားပြချင် နေ တယ် တကယ်စစ်မတိုက်ချင်ဘူးဖြစ်နေတယ်။ တကယ့်တရားအစစ်ကို ရင်ဆိုင်ပါ။ဖြစ်ရုံသက်သက် သ ဘောလေးတွေကို ဒါမှ တရားပဲ ဆိုပြီးတော့မှ ပညတ်တွေ အကုန်ပယ်ပြီးတော့မှ ဘာတွေညာတွေ ရှုပ်မနေ တော့ပဲ အမှန်တရားကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိပါ ဦးဇင်းတို့မှာ အဲသတ္တိရှိတာပဲ။ ဘာမှတော့မရှိဘူး။ တရားအ စစ်ကိုလက်ခံရဲတဲ့ သတ္တိရှိတာပဲ ကိုယ်ကိုကိုယ့် ငါမဟုတ်ဘူး တရားပဲလို့ ဓမ္မတွေပဲလို့ လက်ခံရဲတဲ့ သတ္တိ ရှိတာပဲ။ သူများမှာ မရှိတဲ့ အဲသတ္တိရှိတယ်။ သူများတွေက စာအုပ်ထဲက တရားပဲ လက်ခံရဲတယ်။ ဘယ်သူ ပြောတဲ့တရား ဘယ်ဆရာတော်ပြောတဲ့တရားပဲ လက်ခံရဲတယ်။ ကိုယ့်ခန္ဓာထဲမှာ ရှိတဲ့ တရားအစစ်ကို ဘယ်သူဘယ်ဝါ မရှိပါဘူး။အဲ ဘယ်သူဘယ်ဝါမရှိတာ တရားပါပဲဆိုပြီး တကယ့်တရားအစစ်ကိုကျတော့ လက်မခံရဲဘူး။ နိဗ္ဗာန်ကို တောင်းပဲ တောင်းရဲတယ် တကယ်ရမှာကျတော့ကြောက်နေတယ်။ တရားသမား အယောင်ပဲဆောင်ရဲတယ် တကယ်တရားသမားအစစ်ဖြစ်မှာကြောက်နေတယ်။ ကိုယ်ရူးချင် သလိုမရူးရ တော့မှာ ကြောက်နေတယ်။ ကိုယ်ပြောချင်တာတွေ မပြောရတော့မှာ ကြောက်နေတယ်။ ယောက်ျားပဲ ဆို ပြီး မိန်းမနဲ့မပေါင်းရတော့မှာ ကြောက်နေတယ်။ မိန်းမပဲ ဆိုပြီး ယောက်ျားနဲ့ မပေါင်းရဲတော့မှာ ကြောက် နေရမယ်။ ကိုယ်စွဲနေတာ ခွေးအမဲရိုးကိုက်ကတာမျိုး မစွန့်နိုင်ဖြစ်နေလိမ့်မယ်။ အမဲရိုးနဲ့ နိဗ္ဗာန်နဲ့ လဲနေ တယ်။ ကိုယ်ရဲ့ကြောက်တဲ့စိတ်ကိုလည်း အပြတ်ရှင်းပါ။ ဦးဇင်းတို့ ရန်သူအစစ်ကိုသတ်နေတာ ကိုယ်က ဟန်ပြတရားပဲ လုပ်နေပြီးတော့ တရားအစစ်မလုပ်ဘူးတော့ ဦးဇင်းပြောတာကို တစ်မျိုးကြီးဖြစ်နေလိမ့် မယ်။ တစ်မျိုးကြီးဖြစ်နေလို့ လုပ်ကမှာပဲ။ အဲဒီ တစ်မျိုးကြီးဆိုတာကို အပြတ်ရှင်းပစ်ရမယ်။ တရားက တရားပဲ။ ပထမ အဆင့်မှာ စိတ်စေတသိတ်ရုပ် အစစ်ကို လက်ခံလိုက်ပါတယ်။ ပရမတ် လောကထဲ ၀င် လိုက်ပါတယ်။ တစ်ငါငါနဲ့ ၀င်တာမဟုတ်ဘဲ၊ ကိုယ့်ကိုကိုယ် သဘောလေးသက်သက်လို့ လက်ခံပြီးတော့ မှ ကိုယ်တိုင်လည်း သဘော ကိုယ့်စိတ်ထဲမှာ ပေါ်နေတာကိုလည်း သဘောလေးသက်သက်ပဲလို့ လက်ခံ လိုက်ပါတယ်။ ဒုတိယ အဆင့်ကျတော့ အဲဒီ ပရမတ်လောကထဲမှာတစ်ခါ အဲဒီ သဘောပရမတ်တွေကို ဘာမှမဟုတ်ဘူးလို့ လက်ခံတဲ့အယူဝါဒကိုသာ ရှေ့တန်းတင်ပါ။ သဘောပရမတ် ဇာတ်လိုက်ကလေးက ဘာမှမဟုတ်တဲ့လက်နက်ကို ကိုင်ပါ။ ဂျိန်းစဘွန်းက သေနတ်ကိုင်သလို ဘာမှမဟုတ်တဲ့ လက်နက် ကလေးကလည်း သဘောပရမတ်အနေနဲ့ ကိုင်ရမယ့်လက်နက်ပါပဲ။ ဘာမှမဟုတ်ဘူးလို့သာ ဆုံးဖြတ် ချက်ချနေပါ။ ဘာမှမဟုတ်တဲ့ အဖြစ်ကို ခံယူနေပါ။ စိတ်က ဘာမှမဟုတ်တဲ့ အမှန်တရားကိုရှာပြီ အဲတော့ ဘာရှာမလဲဆိုတဲ့ ပန်းတိုင်ပျောက်မသွားအောင်လို့ ဘာမှမဟုတ်ဘူးလို့သာ မပြတ်တရစပ် ရွတ်နေခြင်း အားဖြင့် ပန်းတိုင်ကို တိတိကျကျ လက်ခံလိုက်ပါ။ ဘာမှန်းမသိဘဲနဲ့ အားထုတ်နေတဲ့ အလုပ်တွေကို စွန့် လွှတ်လိုက်ပါ။ ကိုယ်ဘာလုပ်လို့လုပ်နေမှန်းကို မသိဘူး။ ဘာအတွက် လုပ်နေမှန်းလည်း မသိဘူး။ ကိုယ် ဘာလုပ်နေမှန်းလည်းမသိဘူး။ ဒီလိုယောင်ချာချာနဲ့ သူများယောင်သလို လိုက်ယောင်ခဲ့တာများပါပြီ၊ ဦးဇင်းတို့ ဘာမှပြောနေတာမဟုတ်ဘူး။ ဘာမှမဟုတ်တဲ့ ကြောင်းပဲ တစိုက်မတ်မတ် ပြောနေတာ။ ဘာ အကြောင်း ညာအကြောင်းတွေကို စိတ်ဝင်စားနေလို့ ဘာမှမဟုတ်တဲ့ အကြောင်းကို နားမလည်ပဲ ဖြစ်နေ တာ။ အကြောတွေကို လျှော့ထား။ မျက်စိကို အသာလေးမှိတ်ထား။ ခါးကိုမတ်မတ်ထားပါ ခေါင်းကိုမတ်မတ်ထားပါ။ အံမကြိတ်နဲ့ မာန်မတင်းနဲ့။ ဘာမှမဟုတ်တဲ့ အဖြစ်ကို ခံယူထား။ ဒါဘယ်သူ့ အလိုမှ မလိုက်တော့ဘူး။ ပရိတ်သတ်အလိုလိုက်ပြီးတော့မှ ဘောလုံးတွေလည်း ကန်နေတဲ့ ဘောလုံး သမားတွေလိုမဟုတ်တော့ဘူး။ မင်းသား မင်းသမီးတွေလို ပရိတ်သတ်အလိုကျ လိုက်နေစရာ မလိုတော့ ဘူး။ ကြေငြာသရုပ်ဆောင်တွေလို ကြေငြာရှင်အလိုကျလည်း အလိုလိုက်နေစရာ အကြောင်းမရှိတော့ဘူး။ ဈေးသည်တွေလို ၀ယ်သူကို အလိုလိုက်နေစရာအကြောင်းမရှိတော့ဘူး။ မိဘပဲ ဆိုပြီး သားသမီး အလို လိုက်နေစရာ အကြောင်းမရှိတော့ဘူး။ ဘာမှမဟုတ်ဘူးလို့သာ ရွတ်နေခြင်းအားဖြင့် ဘုရားရဲ့ အလိုကို လိုက် လိုက်ဘာပဲညာပဲ ဆိုတာ တစ်ဦး တစ်ယောက်အရေးကြီးနေတာ။ တစ်ချိန်ချိန် တစ်နေရာရာ အရေး ကြီးနေတာ၊ အဲဒီ တစ်ဦး တစ်ယောက် အကျိုးကိုစွန့်လိုက်ရင် အများအကျိုးကိုကြည့်တာပဲ။ ဘာမှမ ဟုတ်ဘူးဆိုတာ ဘာပဲညာပဲ ဆိုတာက တစ်ယောက် အကျိုးဆိုတော့ တစ်မိသားစု အကျိုး အနည်းစု အကျိုးဆိုတော့ ဘာမှမဟုတ်ဘူးဆိုတာက ဘာပဲ ညာပဲဆိုတာနဲ့ ဆန့်ကျင်ဘက် ဘာမှမဟုတ်ဘူးဆို တာက အများအကျိုးပဲ တစ်ယောက်ယောက် ဂရုစိုက်နေလို့ တစ်ယောက်အကျိုးပဲ ကြည့်လို့ရတယ်။ ဦးဇင်းတို့က ဘာမှ ဂရုမစိုက်လို့ အများအကျိုးကြည့်လို့ရတာ။ ဘာပဲ ညာပဲဆိုပြီး ကိုယ်ကြိုက်တာ ကိုယ် လုပ်နေလို့ အများအတွက် လုပ်သင့်လုပ်ထိုက်တာကို ဘယ်လုပ်နိုင်ပါ့မလဲ။ အဲဒီ ကိုယ်ကြိုက်တာ ကိုယ် လုပ်နေတဲ့ အစွဲကို ဖြုတ်နိုင်လို့ ကိုယ်ပြောချင်တာ ပြောချင်တဲ့ အစွဲကို ဖြုတ်နိုင်လို့ အခုလို တစ်ငါငါနဲ့ ဘယ်လိုမှ မပြောတဲ့ စကားတွေကို ပြောတတ်လာတယ်။တစ်ငါငါနဲ့ ဘယ်လိုမှ နားမလည်နိုင်တဲ့ တရားတွေကို ဟောတတ်လာတယ်။ ဘာမှမဟုတ်ဘူးလို့သာ ရွတ်နေလိုက် ဘာမှမဟုတ်တဲ့ အဖြစ်ကို ခံယူနေလိုက်၊ ဟိုစိတ်ပေါ် ဒီစိတ်ပေါ် ပေါ်နေရင်လည်း ဖြစ်ပေါ်လာတဲ့စိတ်တွေကို ဘာမှမဟုတ်တဲ့အတွက် ဘာမှဖြစ်စရာမရှိဘူးလို့ ခံယူနေလိုက်။ ဦးဇင်းပြောတာက အရာရာမှာ ဘာမှမဟုတ်တာကို အားကိုးပြီး တော့မှရှင်းတာ ဘာပဲ ညာပဲဆိုရင် တစ်ယောက်ယောက်ကို အားကိုးတာ။ တစ်ခုခုကိုအားကိုးတာ။ ဘယ်သူ ဘယ်ဝါဆိုရင် တစ်ယောက်ယောက်ကို အားကိုးတာ။ ဘယ်အချိန် ညာအချိန်ဆိုရင် တစ်ချိန်ချိန် ကိုအားကိုးတာ။ ဘယ်နေရာ ညာနေရာဆိုရင် တစ်နေရာရာအားကိုးတာ။ ပိုက်ဆံပဲဆိုရင် ပိုက်ဆံအားကိုး တာ။ အဲဒီလို ဘာပဲ ညာပဲဆိုတဲ့ ကိုယ်လိုသူလို အားကိုးနေကျ စိတ်တွေကို စွန့်လွှတ်လိုက်။ အဲဒီလို စွန့် လွှတ်တာကိုက အများကို အားကိုးတာဖြစ်သွားတာပဲ။ ဘာပဲ ညာပဲ လုပ်နေရင် ကိုယ်ကြိုက်တာ လုပ်နေ တာ ကိုယ့်အကျိုးစီးပွားအတွက် လုပ်နေတာ။ ကိုယ်ကျိုးရှာတဲ့ အလုပ်ကို စွန့်လိုက်ရင် အများအကျိုးရှာ တာပဲ။ ဘာပဲ ညာပဲ ပြောနေရင် ကိုယ်ပြောချင်တာပြောနေတာပဲ။ အားကစားသမားက အားကစား အကြောင်းပြောနေမှာပဲ။ နိုင်ငံရေးသမားက နိုင်ငံရေးအကြောင်း ပြောနေမှာပဲ။ စီးပွားရေးသမားက စီးပွား ရေးအကြောင်းပြောနေမှာပဲ။ ယောဂီကလည်းတရားအကြောင်းပြောနေတာပဲ။ ကိုယ်ကြိုက်တာ ကိုယ်ပြော နေရတာပဲ ။ အဲဒါတွေက ပယ်ရမှာပဲ ဦးဇင်းတို့ အဲဒီလို ပယ်နိုင်လို့ ဘာမှ ပြောစရာမရှိတော့ဘူး။ ဘာမှ လုပ်စရာမရှိတော့ဘူး။ ဘယ်မှ သွားစရာမလိုတော့ဘူး။ လုပ်သမျှကိုယ့် အတွက် မဟုတ်တော့ဘူး သူများ အတွက်ကြီးပဲ ဖြစ်နေပြီး တစ်ဦးတစ်ယောက်ကို ဂရုမစိုက်တော့တဲ့ အတွက် အများဂရုစိုက်နေရတာပဲ ဘ၀တစ်နပ်စာ အရေးကြီးမနေတော့ သံသရာအရေးကြီးလို့ရသွားပြီး။ အဲဒီတော့ စိတ်ဖြစ်ခွင့်မပေးနဲ့ ဘာမှမဟုတ်တဲ့ အဖြစ်ကိုခံယူပြီးတော့မှ ဖြစ်နေကြ စိတ်တွေကို ဆန့်ကျင်နေပါ။ တရားကဘာမှ လုပ်ရတာ တော့မဟုတ်ဘူး။ ကိုယ့်လုပ်နေတဲ့ အတ္တအလုပ်တွေကို ဆန့်ကျင်နေတာပါ။ ကိုယ်စိတ်ကို ပေး ပြီးတော့မှ အလုပ်မလုပ်တာ ကိုယ့်စိတ်ကို ရာထူးဖြုတ်တာ။ ဘယ်သူ့ကိုမှ ရာထူးဖြုတ်မဟုတ်ဘူး။ ကိုယ့် စိတ်က ထမ်းဆောင်နေတဲ့ မိဘအမွေ ဆရာသမားအမွေ ဘိုးဘွားအမွေ ဆက်ခံပြီးတော့မှ ထမ်းဆောင်နေ တဲ့ တာဝန်တွေကို စွန့်လွှတ်တဲ့ အလုပ်ပါပဲ။ စိတ်ဖြစ်ခွင့်မပေးတာ။ ဘာစိတ်လည်းဆိုတော့ ဘုရားရဲ့ စိတ်ကို ပြောတာမဟုတ်ဘူး။ ဘုရားရဲ ရန်သူစိတ်ကို လောဘ ဒေါသ မောဟ စိတ်တွေ တစ်ကိုယ်ကောင်း ကြံတဲ့ စိတ်တွေ ငါမှငါဆိုတဲ့ စိတ်တွေ အဲဒါတွေကို ဖြစ်ခွင့်မပေးတာ အပြတ်ရှင်းတာ ဘုရားစိတ်ကို နားမ လည်စေတဲ့စိတ်တွေ ကိုယ်မိဘသာ နားလည်စေတယ်။ ကိုယ့်ဘိုးဘွား ကိုယ့်လူမျိုးသာ ကိုယ့်ညီအစ်ကို မောင်နှမ အကြောင်းသာသိနေတယ်။ ဘုရားအကြောင်းကြတော့ အပေါ်ယံပဲ နားလည်တယ်။ ကိုယ့် အကြောင်းသာကိုယ် ဂဃနဏ သိတာ ကိုယ်က ဆန့်ကျင်တဲ့ဘက်ကနေရမယ်။ တော်လှန်ရေး ဆင်နွှဲနေ ရမယ်။ ဘယ်သူ့ကိုမှ တော်လှန်တာမဟုတ်ဘူး။ ကိုယ်မှာ ဖြစ်နေတဲ့စိတ် ဒီ့ထက်ကြီးတဲ့အရေးတော့မရှိ တော့ဘူး။ကျန်တာတွေက ဘုရား တရား သံဃာ အကူအညီမပါလည်း လူလူချင်းတော်လှန်တယ် ဆိုတာက ရတယ်။ ကိုယ်စိတ်ကြတော့ ဘုရား တရား သံဃာ ရဲ့ အကူအညီမပါဘဲနဲ့ ဘယ်လိုမှ မရတော့ ဘူး။ သာသနာရှိနေတဲ့အချိန်မှာ ကိုယ့်စိတ်ကို အပြတ်ရှင်းတဲ့ အလုပ်လုပ်ရမယ်။ စိတ်ကိုတော်လှန် ရမယ်။ အချိန်မရွေးလုပ်လို့ရတဲ့ အလုပ်တွေကို ဘေးချိတ်ထားရမယ်။ မိဘဆိုတာ ဘုရားမရှိလည်း မိဘဆိုတာ ရှိမှာပဲ မိဘအလို လိုက်ဖို့က တစ်သံသရာလုံးလိုက်ခဲ့ ပြီးပြီး ။ ဘုရားအလိုလိုက်ဖို့ အရေးကြီးပါတယ်။

                   ဒုတိယအဆင့်မှာ ဘာမှမဟုတ်တဲ့ အမှန်တရားကိုသိဖို့ ဘာမှမဟုတ်ဘူးလို့ သာရွတ်နေ ခြင်းအားဖြင့် ကိုယ့်စိတ်ကိုယ် ဘရိတ်အုပ်နေရမယ်။ ဘာမှမဟုတ်တဲ့ အဖြစ်ကို ခံယူနေခြင်းအားဖြင့် မိဘ ဆရာ သမားအမွေကို စွန့်ပြီး ဘုရား အမွေကို ဆက်ခံလိုက် သတ္တိရှိပါ။ကြောက်တတ်ရင် အမြဲကြောက်နေ ရမယ်။ ခက်တယ်ဆိုရင် အမြဲခက်နေလိမ့်မယ်။ ခက်တာလည်းမရှိဘူး လွယ်တာလည်းမရှိဘူး။ လုပ်ရင် ဖြစ်တာပဲ ။ ဦးဇင်းတို့ဒီလိုတရားဟောတယ်ဆိုတာ ခက်တယ်ထင်နေရင် ခက်တယ်ပဲ ထင်နေရုံရှိမှာပဲ အခုထက်ထိ ခက်တယ်ပဲ ထင်နေရမှာ လုပ်စရာရှိတာ လုပ်လိုက်ရင်ဟောတတ်သွားတာပဲ အဲဒီလို ဆန့်ကျင်ပါ များတော့မှ ဘာမှမဟုတ်တဲ့ အဖြစ်ကို မြတ်နိုးလွန်းမှ တန်းဖိုးထားလွန်းမှ စိတ်က တကယ်ကို ဘာမှမဟုတ်တဲ့ အမှန်တရားကို ဂရုစိုက်လွန်းမှ တတိယအဆင့်မှာ ဖြစ်တာတွေကို ဘာမှမဟုတ်ဘူး လို့ ရိပ်မိလာမယ်။ ခွေးပဲ ကြောင်ပဲ သင်သလို ကကြီး ခခွေး သင်သလို လွယ်လွယ်ကူကူနဲ့ တတ်တဲ့ ပညာမျိုး မဟုတ်ပါဘူး။ လွယ်လွယ်တတ်တာ လွယ်လွယ်မေ့သွားမယ်။အခု ဒီအလုပ်ကြတော့ ဘာမှမဟုတ်ဘူး ဆို တဲ့ အနစ္စ ဒုက္ခ အနတ္တ စာအစစ်ကိုကျတော့ ဖတ်တတ်ဖို့တောင် မလွယ်ဘူး။ စာအုပ်ထဲက စာလုံးတွေပဲ ဖတ်ဖို့လွယ်တယ်။ စာအစစ်ကျတော့ ဖတ်ဖို့ ခက်တယ်။တတ်ဖို့လွယ်သလို မေ့ ဖို့လည်းလွယ်တာပဲ။ တရားကျတော့ တတ်ဖို့ခက်တယ်ဆိုတာက မေ့စရာကို မရှိတော့ဘူး။နားလည်သွားရင်လည်း မမေ့တော့ ဘူး။အခုလိုနားလည်ဖို့ဆိုတာလည်း လွယ်လွယ်နဲ့နားလည်ရင် လွယ်လွယ်နဲ့မေ့သွားမှာပဲ။ လုပ်နေကျ မဟုတ်လို့ ခက်တာကို များများလုပ်လိုက်ရင်လွယ်သွားမှာ တခြားလမ်းတော့မရှိဘူး။အလုပ်နဲ့ ပဲ ရှင်းရမှာ လွယ်သွားရင်လည်း ဘယ်တော့မှ ခက်တယ်ဆိုတာ မရှိတော့ဘူး။ ဘယ်တော့မှ မေ့စရာအကြောင်းမရှိ တော့ဘူး။တရားက နှစ်ပိုင်းရှိပါတယ် ပရမတ်တရားနဲ့ ပညတ်တရား ဦးဇင်းဟောတဲ့ တရားတွေ ဦးဇင်း ဘာပြောလိုက်တယ်ဆိုတာတွေ ဘာမှမဟုတ်ဘူးဆိုတဲ့ စကားလုံးပညတ်တွေ မေ့ချင်မေ့သွားလိမ့်ဦးမယ် တကယ့်ဘာမှမဟုတ်တဲ့ ပရမတ်အစစ်ကိုတော့ ဘယ်တော့မှ မေ့စရာမရှိပါဘူး။ အဲဒါကြောင့် ကိုယ်ပိုင်ရ တာ တရားအားထုတ်လိုက်တော့ နဂိုက ဘာမှ မပိုင်ရာက ကိုယ်သိထားတဲ့ အသိတွေ အကုန်မေ့မှာ ချည်းပဲ ကိုယ့်အရိုး ကိုယ့်အကြော ကိုယ့်အသွေးအသားတွေ အကုန်ဆုံးရှုံးမှာချည်းပဲ ကိုယ်ဥစ္စာ ပစ္စည်းတွေ အကုန်ထားခဲ့ ရမှာချည်းပဲ ကိုယ့်သူငယ်ချင်းတွေ အကုန်ခွဲ ရမှာ ချည်းပဲ ဘာမှ အားကိုယ်ရှာ မတွေ့ရာက တရားအားလိုက်တော့မှ ကိုယ်လိုသူလို အလုပ်ကို ဆန့်ကျင်လိုက်တော့မှ အဲဒီ့ ဆန့်ကျင်နိုင် တဲ့သတ္တိတွေ ဆန့်ကျင်ရဲတဲ့သတ္တိတွေကို ကိုယ်ပိုင်ရလာတယ်။ အဲဒါတော့ တကယ်ပိုင်ပါတယ်။ အားကိုး ရှိတော့ ကြောက်စရာမရှိဘူး။ အားကိုးမှမရှိဘဲ ကြောက်နေရတာပေါ့ ။ ဘာမှ ကိုယ်ပိုင်ကိုယ်ဆိုင်မရှိဘဲ အဲဒါကြောင့်ဘာကို သိမ်းပိုက်ရမလဲ ဘယ်ဟာများမြဲမလဲဆိုပြီး အားကိုးရှာနေရတာ။

                             တတိယအဆင့်မှာ ဖြစ်တာတွေကို ဘာမှမဟုတ်ဘူးလို့ ရိပ်မိလာရင် အဲဒီအသိ လေးကို ၁၀ မိနစ်လောက် ဆက်ကာ ဆက်ကာ သိဖို့ သိဖို့ကြိုးစား။အဲဒါ ဘုရားရဲ့ အမျိုးအနွယ်ကို စောင့် ပါတယ်။ ဘုရားမှာ ဖြစ်သွားတဲ့ စိတ်အမျိုးအနွယ် ဖြစ်တာတွေကို ဘာမှမဟုတ်ဘူးလို့ သိတဲ့ အသိလေး။ ဖြစ်တာတွေကို ဘာလိုမှသဘောမထားတဲ့ အသိလေး။ ဖြစ်တာတွေကိုဘာမှမဟုတ်ပါဘူးလို့ လက်ခံတဲ့ အသိလေးကို စောင့်ရှောက်ရမှာပါ။ ဒါဘုရားရဲ့ အမွေပါ ။ ဘာမှမဟုတ်ဘူးလို့သာ မပြတ်တရစပ် ဆုံးဖြတ် ချက်ချနေရင် ဖြစ်တာတွေကို ဘာမှ မဟုတ်မှန်းရိပ်မိလာလိမ့်မယ်။ ရိပ်မိလာရင် အဲဒီအသိလေးကို ၁၀ မိနစ်လောက်ဆက်ကာဆက် သိဖို့ ကြိုးစား။တန်ဖိုးထားတာချင်းကွာပါတယ်။ လောက ကြီးက သားစောင့် သမီးစောင့် အိုးစောင့် အိမ်စောင့် ကားစောင့် ကလေးစောင့် ဥစ္စာစောင့် ပိုက်ဆံစောင့် ရာထူးအာဏာစောင့် ဘုရားစောင့်စေချင်တာက အဲဒါတွေက ဘာမှမဟုတ်ဘူးဆိုတဲ့ အမှန်တရားကို စောင့်စေချင်တာ။ တရားကို စောင့်တယ်ဆိုတာ ဒါတွေက ဘာမှမဟုတ်ဘူး။ လူတွေသတ်မှတ်သမျှ ဘာမှမဟုတ်ဘူး။ ဘုရားပဲ ဆိုပြီး သတ်မှတ်ထားလို့ တကယ့် ဘုရားအစစ် ဖြစ်သွားတာ မဟုတ်ဘူး။ အဲဒီတော့ ဖြစ်သမျှ ပြုလုပ်သမျှ သိသ မျှ ဘာမှမဟုတ်ဘူး။ အဲဒီ ဘာမှမဟုတ်တဲ့ အမှန်တရားကို စောင့်ရှောက်ရမယ်။ ဘာမှမဟုတ်တာမှ မသိ သေးရင် ဘာမှစောင့်ရှောက်စရာ မလိုဘူး။ ပိုက်ဆံမရှိဘဲ နဲ့ ပိုက်ဆံ ကို ထိန်းသိမ်းထားရမယ့် တာဝန် မရှိ ဘူးပေါ့။ အိမ်မှ မရှိဘဲနဲ့ အိမ်စောင့်ရမယ် တာဝန်မရှိဘူးပေါ့။ တရားမသိသေးပဲနဲ့တော့ ဘာမှ တရား စောင့်စရာမရှိဘူးပေါ့။အသက်စောင့်ရမှာ မဟုတ်ဘူး ။အဲဒီ့ မဟုတ်တာတွေစောင့်နေရမှာ ဘာပဲ ညာပဲ ဆို ပြီးစောင့်နေလို့ ဘာမှမဟုတ်တာကို စောင့်လို့မရဘူးဖြစ်နေတာ။ ဖြစ်တာတွေကို ဘာမှမဟုတ်ဘူးလို့ ။ ဆက်ကာဆက်ကာ သိလာရင်လည်း အဲဒီ အသိလေးကိုယ်၌ကအစ ဘာမှမဟုတ်ဘူးလို့ လက်ခံနိုင်ဖို့ ဆက်ကြိုးစား။ အဲဒီလိုမဖြစ်မနေကြိုးစားတော့မှ ပိုက်ဆံရှာ ပိုက်ဆံရသလို ပညာသင်တော့  ပညာတတ် သလိုပေါ့ မိတ်ဆွေရှာတော့ မိတ်ဆွေရသလိုပေါ့ ။ ဘာမှမဟုတ်တာ သိတဲ့ အသိလေးကို တန်ဖိုး ထား  တော့လည်း စိတ်က ဘာကိုမှသိမနေတော့ဘဲ ဒီသိလေးက  စိတ်ကလေးက အဖြစ်ကိုသိနေတာ မဟုတ် တော့ပဲ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့  လူလောကထဲက လူတွေရဲ့ အမွေကို ဆက်ခံနေတာ မဟုတ်တော့ပဲ ဘာမှမဟုတ်ဘူး ဆိုတဲ့ ဒါတွေက ဘာမှမဟုတ်ဘူးဆိုတဲ့ ဘုရားရဲ့ အမွေကို ဆက်ခံတာပဲ။ အဲဒီလိုဆက်ခံတာနဲ့ ဆက်ကာ ဆက်ကာ သိဖို့ ကြိုးစားထားပါ။ အဲဒီလိုသိနေတဲ့ ကိုယ်၌ကိုယ်က ဘာမှမဟုတ်ဘူး။ အဲဒီတော့ အနတ္တဆိုတာ ဝေးဝေးမှာ ရှာရမှာမဟုတ်ဘူး။ အနတ္တလို့သိတဲ့ စိတ်ကိုယ်၌က အစ အနတ္တ။ ဘာမှမဟုတ်တဲ့ စိတ် ကလေးကိုယ်၌ ကအစ ဘာမှမဟုတ်ဘူး။ တရားက ရှာရင်းရှာရင်းနဲ့ ရှာတဲ့စိတ်က တရားပဲလို့ သွားပြီး နားလည်ရမယ်။ တရားတွေ့ပြီးဆိုမှ ရတနာတိုက် တွေ့သလို ၀မ်းသာနေရမှာ မဟုတ်ဘူး ။ ပစ္စည်းပျောက် ရှာတွေ့သလို ၊ သားပျောက် သမီးပျောက် တွေ့သလို ၀မ်းသာနေရမှာ မဟုတ်ဘူး။ အဲဒီလို ၀မ်းသာနေတဲ့ စိတ်ကို သတ်ရမယ်။ ၀မ်းသာချင်တဲ့ စိတ်ကိုက တရား။ ရှာတဲ့စိတ်က တရား။ မသိတဲ့စိတ်က တရား ။ အရာရာတရားကြီးပဲ။တရားနဲ့ တစ်ထပ် တည်းဖြစ်သွားရော။ တရားရှာရင်း ရှာရင်းနဲ့ ရှာရင်းနဲ့ တရားကမရှာတော့ဝေးတယ်ထင်နေတာ မလုပ်တော့ခက်တယ်ထင်နေတာ လုပ်လိုက်တော့လည်း အားလုံးက တရားကြီးပဲ တရားလောက် လွယ်တာတော့ မရှိတော့ဘူး။တရားကပျောက်နေတာ မဟုတ်ဘူး။ အမြဲတမ်းရှိနေတာ နားမလည်တာ ကိုယ်အသုံးမကျလို့ သိတာ ကို ဘာမှမဟုတ်ဘူးလို့လက်ခံနိုင်ဖို့ဆက်ကြိုးစားရင် စတုတ္ထအဆင့်မှာ ဖြစ် တာရောသိတာရော ဘာမှမဟုတ်မှန်းရိပ်မိလာပါပြီး ။ အနတ္တဥာဏ် ၀ိပဿနာဥာဏ်စစ်စစ် ဖြစ်ပါပြီး။ ဘာမှ မဟုတ်တာမှ ဖြစ်သမျှ ပြုလုပ်သမျှ သိသမျှ ဘာမှမဟုတ်ဘူးဆိုတဲ့ အရာရာ ဘာမှမဟုတ်ဘူး ဆိုပြီးတော့မှ ဘာမှမကြံတော့ဘူး။ အနတ္တဆိုတာ ဘုရားဟောတဲ့ သဗ္ဗေဓမ္မ အနတ္တဆိုတာ ပြောလိုက်လို့ ကြားလိုက်ရ တာမဟုတ်ဘဲ တကယ့်ကို ကိုယ်မှာ ဖြစ်သမျှ သိသမျှတွေက အနတ္တပဲ ဘာမှမဟုတ်ဘူး ဖြစ်ရုံလေးပဲ။ အဲ ဒီလိုနားလည်လာတာ ၀ိပဿနာဥာဏ်စစ်စစ်။ စိတ်လည်းအတ္တကင်းလာတာ လိုက်လေ ဝေးလေ။ ပိုက်ဆံ ဆိုတာ လိုက်လေဝေးလေး ချမ်းသာဆိုတာ ရှာလေ မတွေ့လေ။ ရှာနေတဲ့စိတ်ကိုက မရှာချင်တော့ရင် ချမ်းသာပြီး ၊ အဲဒီတော့ ရှာရင် ဝေးသွားပြီးဖြစ်သွားလိမ့်မယ်။လိုက်လေ ပြေးလေဖြစ်နေတော့ လိုလေ မရ လေဖြစ်နေတာ၊ အဲဒီ လိုချင်တဲ့စိတ်ကိုက မရအောင်လုပ်နေတာပဲ လိုချင်တဲ့စိတ်ကိုက ကိုယ်လို လိုချင်တဲ့ စိတ်တွေနဲ့ပဲ တွေ့ဆုံစေပြီးတော့မှ စွန့်လွှတ်ချင်တဲ့စိတ်နဲ့ မတွေ့အောင်လို့ ဝေးနေအောင်လို့ တာဆီး ထားတာ ကိုယ့်လောဘကပဲ ကိုယ်ရဲ့ လာဘ်လာဘ ကိုပိတ်ပင်ထားတာ။ ကိုယ်ရဲ့ သံသယစိတ်ကပဲ ကိုယ်လိုသံသယရှိတဲ့လူအချင်းချင်းပဲ တွေ့နေရတာ ဆရာလည်းသံသယနဲ့ တပည့်လည်းသံသယနဲ့ သံ သယကြီးနဲ့ ရုန်းနေရတာ သံသယကြီးနဲ့တရားအားထုတ်နေရတာ။ တူရာတူရာ တွေ့တာ ကိုယ့်သံသယ ကပဲ သံသယနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ သဒ္ဓါတရားစိတ်နဲ့ ပေါင်းမရအောင် တွေ့ဆုံလို့မရအောင် ဖြစ်စေတာပဲ  ကိုယ့်ရဲ့ ကျောင်းတတ်ချင်တဲ့စိတ်က ကျောင်းသားတွေနဲ့ ကိုယ်လို ပညာရေးလောဘ ရှိတဲ့ ကျောင်းသားတွေနဲ့ ပေါင်းဆုံစေတာ တွေ့ဆုံစေတာပဲ။ ကိုယ့်ရဲ့ သိမ်းပိုက်ချင်တဲ့စိတ်က ကိုယ်လို သိမ်း ပိုက်သူ အချင်းချင်း တွေ့စေတာပဲ။ တူရာတူရာပဲ တွေ့လို့ရတယ်။ ဦးဇင်းတို့တရားအားထုတ်တော့မှ မတူတော့ဘူး။လောကကြီးကို ကိုယ်က ဖျက်စရာမလို ပဲ သူဟာ သူတို့ ပျက်သွားတယ်။ ကိုယ်က ဘုရား ရဲ့ အမွေကို ဆက်ခံလိုက်ခြင်းပါ။ ဘုရားအလိုကိုလိုက် လိုက်ခြင်းပါ။ သူတို့အလိုကို မလိုက်တဲ့လောက ကြီးနဲ့ ဘယ်လိုမှပေါင်းမရတော့ အကုန်လုံးအဆက်ပြတ်သွားတာပေါ့။ အဲဒီလို အဖျက်ခံနိုင်တဲ့ သတ္တိရှိ ဖို့ လိုတာ စွန့်လွှတ်ရဲတဲ့ သတ္တိ ကိုယ်လည်းစွန့်မှ ချမ်းသာတာ ကိုယ့်မိဘတွေ ကိုယ့်ဆွေမျိုးတွေလည်း စွန့်မှ ချမ်းသာတာ သိမ်းပိုက်နေရင် ဘယ်တော့မှ မချမ်းသာဘူး။ အကြောတွေကို လျော့ထား မျက်စိကို အသာလေးမှိတ်ထား ခါးကိုမတ်မတ်ထား ခေါင်းကိုမတ်မတ်ထား ဖြစ်တာရောသိတာရော ဘာမှမဟုတ်မှန်း သိလာရင် အဲဒီအသိလေးကိုပါ  ၅ မိနစ် ၁၀မိနစ်လောက် တစ်ဆက်တည်းသိဖို့ကြိုးစား။ စောင့်ရှောက်ရ မှာကိုယ်နဂိုလုပ်နေတဲ့ စောင့်ရှောက်နေတာတွေ အကုန်လုံးက စွန့်လွှတ်ပြစ်ရမှာ ဦးဇင်းတို့ ဘာကိုမှ စောင့်ရှောက်နေတာမဟုတ်ဘူး ဘာကိုမှ ဂရုစိုက်နေတာမဟုတ်ဘူး။ ကိုယ့်ကိုယ်လည်း ဂရုမစိုက်ဘူး။ သူများလည်း ဂရုမစိုက်ဘူး။ ကိုယ့်ကိုကိုယ်လည်း အားမကိုးဘူး သူများလည်းအားမကိုးဘူး။ အဲဒီလို ဘာကိုမှ အားမကိုးတဲ့ စိတ်ကလေးကိုပဲ အားကိုးတယ်။ဘုရားကဘယ်သူ့အားကိုးနေလို့လဲ သားသမီး အားကိုးနေရင်မိဘပဲ ဖြစ်နေလိမ့်မယ် ။ တိုင်းပြည်အားကိုးနေရင် ရှင်ဘုရင်ပဲ ဖြစ်နေမှာပေါ့။ ဘာကိုမှ အားမကိုးတော့မှ ဘုရားဖြစ်တာ ဒါဘုရားရဲ့ အမွေပဲ ဘုရားကစောင့်ရှောက်တယ်ဆိုတာ ကိုယ့်ရဲ့ စွန့် လွှတ်ချင်တဲ့စိတ်က ကိုယ်လိုစွန့်လွှတ်ချင်တဲ့စိတ်တွေနဲ့ပဲ တွေ့ဆုံစေတာပဲ။ ကိုယ်ရဲ့မလိုချင်တဲ့ စိတ်က ကိုယ့်ရဲ့တက်မက်မှုကင်းတဲ့စိတ်က ကိုယ့်လို တက်မက်မှုကင်းတဲ့ လူတွေကိုပဲ တွေ့ဆုံစေတာပဲ။ ရိပ်သာ မှာယောဂီတွေ တွေ့သလို ၊ ဘုရားမှာ ဘုရားဖူးတွေ တွေ့သလို ထောင်ထဲမှာ ထောင်သားအချင်းချင်း တွေ့သလို တူရာတူရာတွေ့ကြတာပဲ။ ကိုယ်ရဲ့ မကောင်းတဲ့စိတ်က မကောင်းတာတွေ တွေ့စေတာ ကိုယ့်ရဲ့ စွန့်လွှတ်တဲ့စိတ်က ကိုယ်လိုစွန့်လွှတ်တဲ့စိတ်နဲ့ တွေ့စေတာပဲ။ ကိုယ်ဘာမှ ရှာနေတယ်မရှိ ဘူး မျက်လုံးကြီးနဲ့ ရှာနေရတယ်မရှိဘူး။ ပါးစပ်ကြီးနဲ့ပြောနေရတယ်မရှိဘူး။ တူရာတူရာပေါင်းတာပဲ ဘုရား အစစ်နဲ့ အဲဒီလိုပေါင်းမှ ရမယ် သိမ်းပိုက်ချင်တဲ့စိတ်နဲ့ ဆိုရင်တော့ လူတွေ သတ်မှတ်တဲ့ ဘုရားနဲ့ပဲ ရွှေတိ ဂုံ၊ ကျိုက်ထီးရိုး ၊ ဗိုလ်တစ်ထောင် ဘုရားတွေနဲ့ပဲပေါင်းလို့ရမယ်။ လူသိတဲ့ ဘုရားတွေနဲ့ပဲ ပေါင်းလို့ ရမယ်ဘုရားအစစ်နဲ့ပေါင်းလို့မရဘူး။ ကိုယ်ကလည်း ငါ့ဘုရားဆိုပြီးတည်ထားတာ ကိုယ်ကလည်း ငါကိုး ကွယ်တဲ့ဘုရားပဲဆိုပြီး ကိုးကွယ်နေတာ တူရာတူရာပေါင်းတာပဲ မတူရင်ပေါင်းလို့မရဘူး။ နောက်ပြီးတော့ ပူစရာမရှိဖြစ်တယ်ဆိုတာလည်း အပူမရှိလို့ မပူတဲ့စိတ်က ကိုယ်လိုအပူသည်တွေ ကြားထဲက ဆွဲထုတ် သွားလို့ရတယ်။ နဂိုတုန်းကတော့ ကိုယ်လည်းလိုချင်နေတော့ စီးပွားရေး နွန်ထဲက မထွက်နိုင်ဘူး။ ကိုယ် ရဲ့လိုချင်တဲ့စိတ်က ကိုယ်လို လိုချင်တဲ့လူတွေ ကြားထဲက ရုန်းမထွက်နိုင်အောင် ဆွဲဆောင်ထားတာပဲ အဲဒီ လိုချင်တဲ့စိတ်ကို လည်းသတ်ပြစ်လိုက်ရော မလိုချင်တဲ့စိတ်က လောဘစိတ်တွေ ကြားထဲက ဆွဲထုတ်သွား တယ် တရားကစောင့်ရှောက်တာပဲ မတရားက နှိပ်စက်တာပဲ တရားကြောင့် ပူစရာမရှိတာ။ မတရား ကြောင်ပူနေရတာ။ အဲဒီတော့ တူရာတူုရာပဲ အိမ်ရှင်မတစ်ယောက်က လာပြီးတော့မှ ယောက်ျားက နောက်ယောက်ျားတစ်ယောက်ယူလို့ နောက်မိန်းမယူလို့ လာပြီးတော့မှ ငြီးနေတော့ ဒါဦးဇင်းက ဘုရားရှိ ရက်နဲ့ ဘုရားအားမကိုးပဲ ယောက်ျားအားကိုးချင်လို့ ဒုက္ခရောက်တာပဲလို့  တာ ရှင်းပြလိုက်တော့ ပါးစပ် ပိတ်သွားတယ်။ မဟုတ်ရင် သူများအပြစ်ပဲ မြင်နေမှာ ကိုယ့်အပြစ်ကျတော့ မမြင်ဘူး။ ကိုယ်နဲ့ တူရာ တူရာ တွေ့တာကို နားမလည်ဘူး။ ကိုယ်စိတ်ကိုက မကောင်းလို့ မကောင်းတဲ့စိတ်နဲ့တွေ့တာ ကိုနားမှ မလည်တာ တရားကစောင့်ရှောက်တာ ကိုယ်ဒုက္ခရောက်နေရင် အဲဒါတရားလက်လွတ်ဖြစ်နေလို့ ကိုယ့်မှာ တရားမရှိလို့ တခြားဘာအကြောင်းတရားမှမရှိဘူး ဦးဇင်းတို့သာသနာပြုတာ တကယ့်ပြဿနာပေါင်းစုံ ကြားထဲမှာ စွဲချက်တွေ ပေါင်းစုံကြားထဲမှာ တရားသာမရှိရင် ခံနိုင်ရည်မရှိဘူး။ အင်မတန် အန္တရာယ်များ တဲ့ အလုပ် ဒါပေမယ့်တရားရှိတော့ ဘာအန္တရာယ်မှမရှိဘူး။ တရားမရှိရင်တော့ ဘာမှ မလုပ်ပဲနေလည်း ကြံဖန် ပြီး ပြဿနာတတ်နေမှာပဲ တရားရှိတော့ ဘာလုပ်လုပ် ဘာမှမဖြစ်ဘူး။ ကိုယ်လိုသူလို စိတ်တွေကို အပြတ် ရှင်းရမယ်။ ကိုယ်မွေးထားတဲ့ စိတ်တွေကို ကိုယ်အပြတ်ရှင်းရမယ်။ အပြတ်ရှင်းတဲ့စိတ်ကိုသာ မွေးရမယ်။ ဘာကိုမှ လက်မခံတဲ့ စိတ်ကို လက်ခံရမယ်။ ဘာကိုမှ အားမကိုးတဲ့စိတ်ကို အားကိုးရမယ်။ ဘာကိုမှ ဂရုမစိုက်တဲ့ စိတ်ကလေးကိုသာ ဂရုစိုက်ရမယ်။ အရာရာ တရားပါ တရားကလွဲရင် ရှင်းစရာမရှိပါဘူး။ လူတွေသိတဲ့ ဘုရားစာအုပ်ထဲက တရားမဟုတ်ဘူး။ လူတွေ ပြုထားတဲ့ ဥပဒေပြုတရားမဟုတ်ဘူး။ လူတွေ သတ်မှတ်ထားတဲ့ တရားသူကြီးလည်းမဟုတ်ဘူး။ အဲဒါတွေ အားကိုးနေလို့ ပြဿနာတတ်နေတာ။ ဒါတွေ က ဘာမှမဟုတ်ဘူးဆိုတဲ့ အမှန်တရားကို အားကိုးရမယ် ဖြစ်ချင်တာ ဖြစ် ရှိလည်းဘာမှမဟုတ်ဘူး မရှိ လည်း ဘာမှမဟုတ်ဘူး။ သေလည်းဘာမှမဟုတ်ဘူး ရှင်လည်းဘာမှ မဟုတ်ဘူး။ ငတ်လည်းဘာမှ မဟုတ်ဘူး ။ မငတ်လည်း ဘာမှမဟုတ်ဘူး။ယောက်ျားဖြစ်လည်း ဘာမှမဟုတ်ဘူး။ မိန်းမ ဖြစ်လည်း ဘာမှ မဟုတ်ဘူး။ အရာရာ ဘာမှမဟုတ်တာပဲ အဲဒီလိုသိဖို့ပဲ အရေးကြီးရမယ်။ ဘာမှမဟုတ်တာကိုတော့ လုံးဝ သံသယမရှိနဲ့ ဘာပဲညာပဲ ဆိုပြီးလုံးဝ အယုံအကြည်မရှိနဲ့ ဘာမှမဟုတ်တာကိုတော့ လုံးဝသံသယ အဖြစ် မခံနဲ့ ဘာမှမဟုတ်တာကိုတော့ အမှန်တရားကို အပြည့်အ၀ လက်ခံနိုင်ဖို့ကြိုးစား ဘာမှမဟုတ်တာ တဲ့ အဖြစ်ကို ကျေကျေနပ်နပ် လက်ခံနိုင်ဖို့ ကြိုးစား။ ဒါဘုရားသိတဲ့ တရားအစစ်ဘဲ ဆိုတာကိုတော့ သံသယ ကင်းကင်း လက်ခံနိုင်ဖို့ ကြိုးစား တခြားဘာအရေးမှ ကြီးစရာမလိုဘူး။ ဒီအရေးကြီးလိုက်ရင် ပြီးပြည့်စုံ သွားပြီး။

 from mail

Today, there have been 26 visitors (48 hits) on this page!


www.zawtk.mmgenius.com

မြန်မာစံတော်ချိန်

ဒီမှာပြောလို့ရတယ်
ဘာနေ့လဲ ဆိုတာ ကြည့်မယ်
ရောင်စုံငါးလေးတွေ အစာကျွေးမယ်

အဖြူရောင်သံစဉ်ရေဒီယို
အဖြူရောင်သံစဉ်
=> Do you also want a homepage for free? Then click here! <=
ကျွန်တော့ဆိုဒ်လေးသို့ရောက်လာကြသော သူငယ်ချင်းများ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်.. နောက်လည်းလာလည်ကြပါအုံးနော်...