မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေ
     Home
     အင်တာနက်
     ဆောင်းပါး
     နည်းပညာများ
     ကဗျာများ
     ဟာသများ
     ဒဿနစာစုများ
     ဓမ္မဒါန
     မြန်မာWebSiteများ
     အမှတ်တရ
     ဘလော့ Roll
     မဂ္ဂဇင်းလေးတွေ
     ကျောက်ကွင်းဝါဒပြိုင်ပွဲ
     မိုက်ကယ်ဂျက်ဆင်
     ကျန်းမာရေး
     => အိတ်ခ်ျအိုင်ဗွီ ကူးဆက်နိုင်
     => ကိုယ်...ဘာမှားသွားလို့လဲ?
     => မိခင်ဘ၀ရဲ့လုပ်ငန်း
     သတင်းများ



မိုးကောင်းကင် - အိတ်ခ်ျအိုင်ဗွီ ကူးဆက်နိုင်


လူငယ်စုံတွဲများ အနောက်တိုင်းဆန်လွန်းလျှင် HIV/AIDS ကူးစက်နိုင်


ပြည်ပ ရုပ်ရှင်ဗီဒီယို များတွင် တွေ့မြင်ရလေ့ရှိသည့် နှုတ်ခမ်းခြင်း ထိတေ့၍ ကြင်နာပေးခြင်းမှာ HIV/AIDS ရောဂါ ကူးစက်နိုင်ကြောင်း ဝေဘာဂီဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လွင်က ပြောသည်။ လူ၏ တံတွေး တွင် HIV/AIDS ပါဝင်သည် ဟုဆိုသော်လည်း ရာခိုင်နှုန်း မှာအလွန် နည်းကြောင်း၊ ပါးစပ်တွင် အနာရှိခြင်း၊ နှုတ်ခမ်းခြင်းတေ့စုပ်ချိန် တွင် အလွယ်တကူ သွားဖုံးသွေးယိုခြင်းတို့ဖြင့်  HIV/AIDS အလွယ် တကူ ကူးစက်နိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောသည်။

“မျက်လုံးတို့၊ အသားနုတို့ဆိုတာက ကူးစက်နိုင်ခြေရှိတယ်။ ကြမ်း ကြမ်းတမ်းတမ်းပြုမူမယ်ဆိုရင် ပိုပြီးဖြစ်နိုင်တာပါ”ဟု နိုင်ငံခြားဆန်ဆန် အနမ်းပေးခြင်းဖြင့် HIV/AIDS ကူးစက်နိုင်ကြောင်းကို ဒေါက်တာအောင် လွင်က ရှင်းပြ သည်။ HIV/AIDS ကူးစက် နိုင်သောအနေ အထိုင်အပြုအ မူများ၊ မကူး စက်နိုင်သော အခြေအနေ များကို သက် ဆိုင်ရာကျန်းမာ ရေးဝန်ကြီးဌာန နှင့် NGO အဖွဲ့ အစည်းများက ယခင်ကတည်း က ပညာပေးခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းတို့ကြောင့် အများစုသိရှိပြီးဖြစ်သော်လည်း လူငယ်စုံတွဲများအကြား နိုင်ငံခြားဆန်ဆန် အနမ်းပေးခြင်းမှာ များစွာသတိပြုဖွယ်ရာပင်ဖြစ်ကြောင်း မကြာခဏသွားဖုံး သွေးယိုတတ်သူ လူငယ်တစ်ဦးက မြန်မာပို့စ်ဂျာနယ်၏ မေးမြန်းမှုကို အထိတ်တလန့် ပြန်လည်ပြောကြားသည်။

ဝေဘာဂီဆေးရုံတွင် ဆေးရုံတက်ရောက်ကုသနေသော HIV/AIDS ဝေဒနာရှင် အယောက် ၃၀ ခန့်ရှိပြီး ရောဂါရှိမရှိအဖြေသိပြီးသူ များအပါအ၀င် နှစ်သိမ့်ဆွေးနွေးရန် လာရောက်သူမှာ နေ့စဉ်အယောက် ၂၀မှ ၃၀၀န်ကျင်းအတွင်းရှိကြောင်း၊ ၂၀၀၈ခုနှစ်အတွင်း HIV/AIDS  ဝေဒနာရှင်ပေါင်း ၂,၅၀၀ခန့်ကုသပေးခဲ့ကြောင်း သိရသည်။

ဘသန်း

မြန်မာပို့စ် သတင်းဂျာနယ်မှ ပြန်လည်း ဖော်ပြခြင်းဖြစ်သည်။
zawtk..

Today, there have been 7 visitors (15 hits) on this page!


www.zawtk.mmgenius.com

မြန်မာစံတော်ချိန်

ဒီမှာပြောလို့ရတယ်
ဘာနေ့လဲ ဆိုတာ ကြည့်မယ်
ရောင်စုံငါးလေးတွေ အစာကျွေးမယ်

အဖြူရောင်သံစဉ်ရေဒီယို
အဖြူရောင်သံစဉ်
ကျွန်တော့ဆိုဒ်လေးသို့ရောက်လာကြသော သူငယ်ချင်းများ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်.. နောက်လည်းလာလည်ကြပါအုံးနော်... This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free