မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေ
     Home
     အင်တာနက်
     ဆောင်းပါး
     => ခေတ်လူငယ်နှင့်အင်တာနက်
     => ချစ်ရတာ...မလွယ်ပါလား
     => အချစ်ဆိုတာ..
     => Online Love!
     => တစ်ပွင့်နှင်းဆီ
     => ဘယ်ချိန်ဖုန်းဆက်မလဲ
     => ပညာသည်
     => Pay it Forward
     => မှတ်သားထားရန်
     => ကျောက်ခဲ
     => ဆူးနဲ့သစ်ပင်
     => ငွေရောင်ငှက်နဲ့ရွှေရောင်ငှက်
     => valentine day
     => ယောက်ျားနှင့် မိန်းမ
     => စိတ်အာဟာရ
     => ဘ၀မြေသြဇာ
     => စိတ်ညစ်ပျောက်ဖို့
     => ချစ်ခြင်းနှင့် ရူးသွပ်ခြင်း
     => အချစ်စစ်ရဲ့ရုပ်ပုံလွှာ
     => ဆက်သွယ်ရန်
     => ကော်ဖီတစ်ခွက်
     => Question & Answer
     => ချစ်နိုင်ပါစေ
     => ကောင်လေးနဲ့ ကောင်မလေး
     => လူငယ်၊ နှင့် အင်တာနက်ရာဇ၀တ်မှုများ
     နည်းပညာများ
     ကဗျာများ
     ဟာသများ
     ဒဿနစာစုများ
     ဓမ္မဒါန
     မြန်မာWebSiteများ
     အမှတ်တရ
     ဘလော့ Roll
     မဂ္ဂဇင်းလေးတွေ
     ကျောက်ကွင်းဝါဒပြိုင်ပွဲ
     မိုက်ကယ်ဂျက်ဆင်
     ကျန်းမာရေး
     သတင်းများ



မိုးကောင်းကင် - Online Love!


"ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်တယ်.. ဒါပဲနော် ကိုကို ငါးခါပြည့်အောင်
ပြောပြီးပြီ.. သိပ်ဆိုးတာပဲ.. ဟွန်း"

အသံစာစာနဲ့ စကားပြောနေတဲ့ မိန်းကလေးကို လှည့်ကြည့်လိုက်တော့ ကျွန်မတို့
အရွယ်လောက်ပဲ ရှိမယ်ထင်ပါတယ်။ Head Phone ကနေ သေသေချာချာကို
စကားပြောနေတော့တာပါပဲ။ သူ့ကွန်ပျူတာ Screen ပေါ်မှာလည်း ဂျီတော့ပေါင်း
မြောက်မြားစွာကို ဖွင့်ထားလို့။ လက်ကလည်း လှုပ်၊ ပါးစပ်ကလည်းလှုပ်နဲ့၊
ကောင်မလေးရဲ့ မျက်နှာပေါ်မှာလည်း အပြုံးတွေ ဝေလို့။ အံမယ် လက်ကလေးတောင်
ချိုးပြီး ရေတွက်နေလိုက်သေးတယ် ငါးခါပြည့်အောင်လေ။ ဘေးနားက လူတွေလည်း သူ့ကို
ကွက်ကြည့် ကွက်ကြည့်နဲ့ပေါ့။ မမလေးကတော့ သူ့ ဖီလ်းနဲ့သူ အပီကို
စကားပြောနေတော့တာပါပဲ။ နောက်ပြီး ဆက်ပြောလိုက်သေးတယ်…

"ကိုကိုနော် အွန်လိုင်းပေါ်မှ လျှောက်ကျူမနေနဲ့.. ဒီက ကိုကို့ကိုပဲ ချစ်တာ..
မတွေ့ဖူးပေမယ့် ချစ်ပြီးသားပဲ ဟင်း ဟင်း"

ခေတ်ကာလ သားသမီးတွေများ ခက်ပါတယ်။ ကျွန်မက အိမ်အောက်ထပ်က ဆိုက်ဘာ ကဖေးမှာ
အင်တာနက် လာလာသုံးလေ့ရှိတော့ အွန်လိုင်းအချစ်ဇတ်လမ်းတွေကို မရိုးနိုင်အောင်
ကြုံရတယ်ရှင့်။ အွန်လိုင်းဇတ်လမ်း သီးသန့်တွေလည်းပါတယ်၊ အဝေးရောက် ချစ်သူတွေရဲ့
အချစ်ဇတ်လမ်းတွေလည်း ဖြစ်ချင်ဖြစ်မှာပေါ့နော်။ အင်တာနက်ထဲမှာ ချိန်းတွေ့ကြ၊
စကားပြောကြတာဟာလည်း Global ခေတ်ကြီးမှာ ပိုများသထက်ကို များလာပြီ။ အွန်လိုင်း
အချစ်ဇတ်လမ်းတွေလည်း ပေါသထက်ကို ပေါလာပြီ။ တစ်ချို့များဆို လက်ထပ်ကုန်ကြပြီ။
ဟိုတစ်လောတုန်းက အိမ်မှာ အတူနေတဲ့ သူငယ်ချင်းဆီကို စုံတွဲတစ်တွဲ လာလည်တယ်။
ကျွန်မလည်း ကိုယ်နဲ့သိတာမဟုတ်တော့ စကားဝင်မပြောမိပါဘူး။ အဲဒီအတွဲလည်း
ပြန်သွားရော သူငယ်ချင်းက ပြောပြတယ်။ သူတို့နှစ်ယောက်က အွန်လိုင်းကနေ
တွေ့ကြတာလေ.. သိပ်ချစ်ကြတာတဲ့။ ခု လက်ထပ်ပြီးသွားကြပြီတဲ့။ ကျွန်မကလည်း
စပ်စပ်စုစု မေးမိပါသေးတယ်.. ဘယ်လောက်ကြာအောင် ချစ်ခဲ့ကြတာလဲဆိုတော့..
တစ်နှစ်လောက်တော့ ရှိပြီတဲ့။ အပြင်မှာ တွေ့ဖူးတာကတော့ နှစ်ကြိမ်တည်းရယ်။
ကောင်မလေးက ပြည်က၊ ကောင်လေးက ရန်ကုန်က။ ပထမ တစ်ကြိမ်မှာ ကောင်လေးက ပြည်ကို
လိုက်သွားတယ်။ ဒုတိယ တစ်ကြိမ်မှာ ကောင်မလေးက ရန်ကုန်ကို လာတွေ့တုန်း
တစ်ခါတည်းကို ချောင်းသာကို ခိုးပြေးတော့တာပဲတဲ့။ မိုက်တယ်ကွာ….. ဂလိုဘယ်ခေတ်မှာ
မြန်လိုက်ကြပုံများ။ နှစ်ခါတည်း တွေ့ပြီး ခိုးရာလိုက်ကြရတယ်လို့။ အခုအဆင်ပြေလား
မေးတော့ ပြေသမှ သိပ်ကိုပြေကြပါတယ်တဲ့။

ဟိုတစ်လောတုန်းကလည်း အဒေါ်တစ်ယောက် မင်္ဂလာဆောင် သွားမယ်ဆိုလို့ မေးကြည့်တော့
အမလေး ထက်ထက်ရယ် ပြောရအုံးမယ်.. အဲနှစ်ယောက်က နင်တို့ အင်တာနက်ကနေ
တွေ့တာတဲ့တော် တဲ့။ ထက် တို့ အင်တာနက် မဟုတ်ပါဘူး အန်တီရယ် လူတိုင်းသုံးနေတာကို
လို့ ပြောတော့. မဟုတ်ပါဘူး ညည်းတို့ သုံး သုံး နေတာ တွေ့လို့ ပြောတာပါအေ..
ကောင်လေးက စင်ကာပူက၊ ကောင်မလေးက အမေရီးကားက၊ အွန်လိုင်းပေါ်မှာ ကြိုက်လာကြပြီး
အခု မြန်မာပြည်မှာ မင်္ဂလာပြန်လာဆောင်တာတဲ့။ သူတို့တွေ တစ်ပတ်လောက်တော့
နေကြလိမ့်မယ်.. ပြီးတော့ ယောင်္ကျားကလည်း စလုံးကိုပြန်၊ မိန်းမကလည်း အမေရီးကားကို
ပြန်မယ်လို့ ပြောတယ် တဲ့။ နင်တို့ခေတ်မှပဲ ကြားဖူးတော့တယ်..
ကျူပ်တို့တုန်းကတော့ အရွေးမှားမှာစိုးလို့ စဉ်းစားလိုက်ရတာတဲ့။ အန်တီ့ကိုတောင်
ပြောလိုက်သေးတယ် 21 ရာစုလေ အန်တီရယ်လို့။

အဲလိုပါပဲ ဟိုတစ်လောတုန်းကလည်း ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက် စစ်ဗိုလ်နဲ့
မင်္ဂလာဆောင်တယ်။ အွန်လိုင်းမှာ တွေ့တာတဲ့။ ဆိုက်ဘာကဖေးတွေမှာလည်း VZO နဲ့
ရုပ်ကြည့်ပြီး ပြောကြတဲ့ အတွဲတွေ၊ Gtalk နဲ့ စကားပြောနေကြတဲ့ အတွဲတွေ၊
စာရိုက်ပြီး ကျူကြတဲ့ အတွဲတွေ စုံအောင်ကို တွေ့ရတော့တာပါပဲ။ ကျွန်မ သုံးနေတဲ့
ဆိုင်မှာဆို အမကြီးတစ်ယောက် နေ့တိုင်း သူ့ရည်းစားနဲ့ စကားလာပြောတာ။
နေ့တိုင်းကို နှစ်နာရီလောက် ကြာအောင် ပြောတာနော်။ ကျွန်မ နေ့တိုင်း ဆိုက်ဘာကဖေး
မသွားပေမယ့် ၀ရံတာကနေကြည့်လိုက်ရင် သူ ဆိုင်ထဲ ၀င်ဝင်သွားတာကို တွေ့ရတာပေါ့။

Digital ခေတ်ကြီး တိုးတက်လာတဲ့ အချိန်မှာ အင်တာနက်တွေ ပေါပေါသီသီ သုံးလာကြတဲ့
အခိုက်မှာ၊ လူတွေရဲ့အချိန်တွေ ရှားပါးလာကြတဲ့ ဒီနေ့လိုခေတ်မျိုးမှာ
အွန်လိုင်းပေါ်မှာ အချစ်ရှာကြတာဟာလည်း အရင်တုန်းကလို မထူးဆန်းတော့ဘူး
ထင်ပါရဲ့ရှင်။ တစ်ကယ်ချစ်ကြတဲ့ ချစ်သူတွေရှိမယ်၊ မမြင်ကွယ်ရာမှာ၊
အွန်လိုင်းမှာဆိုပြီး ရည်းစားတွေ မှိုလိုပေါက်အောင် ထားကြတဲ့ အပြောင်
အပျက်တွေလည်းရှိမယ်။ ဘာပဲ ပြောပြောပေါ့လေ.. အွန်လိုင်းအချစ်ဆိုတာ လက်တွေ့ဘ၀မှာ
များသထက်ကို များလာနေကြပါပြီ ဆိုတာ သိလိုက်ရတာပေါ့။

http://cuttiepinkgold.info/  ကူးယူမျှဝေပါသည်။



အချစ်စစ်အချစ်မှန်နဲ့ တွေ့နိုင်ကြပါစေ.....

Today, there have been 16 visitors (25 hits) on this page!


www.zawtk.mmgenius.com

မြန်မာစံတော်ချိန်

ဒီမှာပြောလို့ရတယ်
ဘာနေ့လဲ ဆိုတာ ကြည့်မယ်
ရောင်စုံငါးလေးတွေ အစာကျွေးမယ်

အဖြူရောင်သံစဉ်ရေဒီယို
အဖြူရောင်သံစဉ်
ကျွန်တော့ဆိုဒ်လေးသို့ရောက်လာကြသော သူငယ်ချင်းများ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်.. နောက်လည်းလာလည်ကြပါအုံးနော်... This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free