|
|
|
|
မိုးကောင်းကင် - စိတ်၏အကွာအဝေး
|
|
စိတ်၏ အကွာအဝေး
တစ်နေ့တွင် ဆရာက ကျောင်းသားများကို "လူတွေက ဘာဖြစ်လို့ ဒေါသထွက်တဲ့
အချိန်မှာ အော်ပြီး ပြောကြတာလဲ" ဟု မေးလေသည်။ ကျောင်းသားများက
အချိန်အကြာကြီး စဉ်းစားနေကြသည်။ ကျောင်းသားတစ်ယောက်က "စိတ်တည်ငြိမ်မှုတွေ
ပျောက်ကုန်လို့ အော်တာပါ ဆရာ" ဟု ဖြေသည်။
ဆရာက "ဒါပေမဲ့ တစ်ဘက်လူက ကိုယ့်ဘေးမှာ ရှိနေတာကို အေးအေးဆေးဆေး
ပြောလို့ရပါလျှက်နဲ့ ဘာလို့ အော်ပြောကြတာလဲ" ဟု ပြန်မေးသည်။
ကျောင်းသားများက တစ်ယောက်တစ်ပေါက် ဖြေကြသည်။ သို့သော် ကျေနပ်သော အဖြေကို
ဆရာ မရခဲ့ပါ။ နောက်ဆုံးတွင် ဆရာက ရှင်းပြသည်။
"လူနှစ်ယောက် စိတ်တို ဒေါသထွက်နေတဲ့ အချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်ဟာ
အရမ်းကွာဝေးနေတယ်။ အဲဒီဝေးနေတဲ့ အကွာအဝေးကြောင့် အော်မှ
ကြားနိုင်မယ်ထင်ပြီး အော်ကြတယ်။ အော်လေလေ ဒေါသပိုထွက်လေလေ၊ ဒေါသထွက်လေလေ
စိတ်ရဲ့ အကွာအဝေးဟာ ဝေးလေလေ၊ စိတ်ကွာဝေးလေလေ အော်ကြလေလေပဲ" ဆရာက
ဆက်ပြီး....
"လူနှစ်ယောက် သမီးရည်းစားဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုဖြစ်တတ်ကြလဲ သိလား...
အခုလို့ ဒေါသထွက်နေတဲ့ အချိန်နဲ့ ဆန့်ကျင်ဖက်ပေါ့။ ဘာကြောင့်လဲဆိုတော့
ရည်းစားဖြစ်နေသူ နှစ်ယောက်ရဲ့ စိတ်တွေက အရမ်းနီးနေတယ်။
စိတ်တစ်ခုနဲ့တစ်ခုဟာ ထပ်တူနီးနီးကျနေတယ်။ အဲဒါကြောင့် ရည်းစားဖြစ်နေသူ
နှစ်ယောက်ဟာ စကားပြောတဲ့အချိန်မှာ တီးတိုးတီးတိုးပဲ ပြောကြတယ်။
အဲဒါကြောင့် စိတ်အကွာအဝေး နီးလေလေ၊ ပိုချစ်ကြလေလေ။ နောက်ဆုံး
စကားပြောစရာတောင် မလိုတော့ဘဲ အမှုအရာချင်း၊ မျက်လုံးချင်း အချစ်တွေကို
ဖလှယ်ကြတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်အကွာအဝေးဆိုတာ
လုံးလုံး မရှိတော့ဘူး။ တစ်ထပ်တည်းကျသွားပြီ"
"လူနှစ်ယောက် ငြင်းခုံ၊ ရန်ဖြစ်နေတဲ့အချိန် စိတ်တွေကို မကွာဝေးစေနဲ့။
စိတ်ကွာဝေးစေတဲ့ စကားမျိုး မပြောသင့်ဘူး။ စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှု
မရှိတော့မှ ပြဿနာကို ပြေပြေလည်လည် ဆွေးနွေးကြပေါ့" ဟု ဆရာက နောက်ဆုံး
ရှင်းပြခဲ့သည်။
ဒီလိုတွေးတတ်ရတယ်....
ပင်စင်စား အဘိုးအိုတစ်ယောက်ဟာ ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုကို ပြောင်းရွေ
လာတယ်။ ပထမရက်တွေမှာတော့ သူ့အတွက် အဆင်ပြေပါတယ်။ ကျောင်းဖွင့်ရက်
ရောက်လာတဲ့အခါ ကလေး ၃ယောက်ဟာ သူ့အိမ်ရှေ့လမ်းပေါ်ကနေ ကျောင်းသွား၊
ကျောင်းပြန် အချိန်တိုင်း သံဗုံးတွေတီးပြီး ဆူညံနေတော့ သူ့အတွက် စိတ်
အနှောက့်အယှက်ဖြစ် လာတယ်။ အဲဒါနဲ့ သူတစ်ခုခုလုပ်မှ ဖြစ်မယ်ဆိုတာ အဘိုးအို
သဘောပေါက်လိုက်တယ်။ နောက်တစ်နေ့
အဘိုးအို- ဟေ့ ကလေးတို့ လာပါအုံး၊ မင်းတို့ကိုကြည့်ရတာ
အရမ်းပျော်ဖို့ကောင်းတာပဲ၊ နောက်နေ့ အဘိုးအိမ်နားမှာ နေ့တိုင်း သံပုံး
လာတီးကွာ မင်းတို့ကို တစ်နေ့ကို မုန့်ဖိုး ၅၀၀ကျပ်ပေးမယ်ဟေ့။
ကလေး ၃ယောက်- ကောင်းပါပြီ အဘိုး ကတိတည်ပါစေ။
အဲ့လိုနဲ့ အဘိုးအိုနဲ့ ကလေးတွေ တစ်နေ့ ၅၀၀ကျပ်နဲ့
နေ့တိုင်းသံပုံးလာတီးဖို့ အပေးအယူဖြစ်သွားတယ်။
နောက်ရက် အနည်းငယ်ကြာတော့ အဘိုးအိုက ကလေး၃ယောက်ကို ခေါ်ပြီး
အဘိုးအို-ကလေးတို့ရေ အခု စီးပွားရေးပြဿနာဆိုက်နေတော့ အဘိုးတို့
အခွန်တွေပိုပေးရတယ်။ အဘိုးပင်စင်လစာ အရင်လောက် မရတော့ဘူးကွ၊ အဲ့တော့
မင်းတို့ကို တစ်နေ့ ၂၅၀ပဲပေးနိုင်မယ်ကွာ။ မင်းတို့လက်ခံနိုင်ရဲ့ လား။
ကလေး၃ယောက်ဟာ သိပ်တော့ ကျေနပ်လှတယ်မဟုတ်ပေမဲ့ ဘာပဲအတွန့်မတက်ပဲ
လက်ခံလိုက်ကြတယ်။
နောက်ရက်အနည်းငယ်ကြာတော့ အဘိုးအိုက ကလေးတွေကို ထပ်ခေါ်ပြန်တယ်။
အဘိုးအို-ကလေးတို့ရေ အဘိုးဒီလ အသုံးစရိတ်များသွားလို့ မင်းတို့ကို တစ်ရက်
၁၀၀ပဲပေးနိုင်မယ်ဟေ့၊ မင်းတို့ သဘောတူလားကွ။
ကလေး၃ယောက်- ဘာဗျ ဒီငွေလေး ၁၀၀နဲ့ ကျုပ်တို့က အချိန်ကုန်ခံပြီး
နေ့တိုင်းသံပုံးလာတီးနေရမှာလား။ အဘိုး ရူးနေလား၊ လုံးဝ သဘောမတူဘူး၊
ဒီနေ့ကစပြီး လုံးဝ လာမတီးပေးနိုင်ဘူး၊ ဒါပဲ
ဒါလေးကို ဒီကနေ မှီငြိမ်းပါတယ်
ဟာသအဖြစ်တင်ထားပေမဲ့ သင်ခန်းစာယူစရာလေး ပါ။ ကိုယ်လိုချင်တဲ့အရာကို
တိုက်ရိုက်ပြောရင် တစ်ခြားသူ လက်မခံနိုင်ဘူးထင်တဲ့အခါ တစ်ခြားနည်းလမ်းနဲ့
ရအောင်လုပ်ယူနိုင်တယ်တယ်ဆို သတိရနိုင်ပါစေ၊
from fwd mail...
|
Today, there have been 62 visitors (68 hits) on this page!
|
|
www.zawtk.mmgenius.com
မြန်မာစံတော်ချိန်
ဒီမှာပြောလို့ရတယ်
ဘာနေ့လဲ ဆိုတာ ကြည့်မယ်
ရောင်စုံငါးလေးတွေ အစာကျွေးမယ်
အဖြူရောင်သံစဉ်ရေဒီယို
|
|